Archive for May 2011

Gmail Hack ဟက်မခံရအောင် (gmail လိပ်စာမကျန်ခဲ့စေဖို့)

ဂျီတော့ခ် သုံးသူ အများစုဟာ အင်တာနက်ဆိုင်မှာ သုံးကြတာများပါတယ်။
ကိုယ်သုံးမလို့၊ ဝင်မလို့ လုပ်တဲ့အခါ ရှေ့ ကသုံးသွားတဲ့ သူတွေရဲ့ ဂျီမေးလ် လိပ်စာ တွေ ပေါ်နေတာမျိုးတွေလည်းတွေ့ ရတတ်ပါတယ်။
ကိုယ်သုံးပြီးတဲ့ အခါမှာ ဒီလိုကျန်ခဲ့မှာ စိုးလို့ သေချာ sign out လုပ်၊ နာမည်နေရာမှာ
a,b,c,d တွေရိုက်ထည့်ပြီး ထွက်တတ်ကြပါတယ်။
ဒါပေမဲ့ ဒီနည်းကလည်း လုံခြုံမှုမရှိဘဲ ကိုယ့်နောက်လူက ပြန်ရှာရင် တွေ့ ရနိုင်ပါတယ်။
ကိုယ့်ဂျီတော့ခ် ဝင်ခဲ့ရင်လည်း ကိုယ့်ဂျီမေးလ် လိပ်စာကို သူများ မသိအောင်
ဘယ်လိုဖျက်မလဲ ဆိုတာ ကိုအွန်လိုင်းမှာမေးလာကြလို့ တွေ့ မိသလောက်ပြောပြလိုက်ပါတယ် ။
အလုံးဆုံတော့မဟုတ်ဘူးပေါ့ဗျာ။

1. အရင်ဆုံး Start ထဲက Run ကိုနှိပ်ပါ။ သို့မဟုတ် Windows+R ကိုတွဲဖိပါ။
2. Run box ကျလာရင် Regedit ကိုရိုက်ထည့်ပြီး enter ခေါက်ပါ။ Box ကျလာပါလိမ့်မယ်။
3. ထိုbox ထဲမှာ folder ငါးခု တွေ့ပါလိမ့်မယ်။ ထိုfolder ငါးခုထဲက ဒုတိယမြောက်
HKEY-CURRENT-USER ဘေးက + ကိုနှိပ်ပါ။ List ကျလာပါလိမ့်မယ်။
4. Software ကိုရှာပါ။ တွေ့ရင် Software ဘေးက + ကိုဆက်နှိပ်ပါ။ List ကျလာပါလိမ့်မယ်။
5. Google ကိုရှာပါ။ တွေ့ပါက Google ဘေးက+ကို ဆက်နှိပ်ပါ။ List ကျလာပါလိမ့်မယ်။
6. Google talk ကိုရှာပါ။ တွေ့ပါက Google talk ဘေးက+ကို ဆက်နှိပ်ပါ။ List ကျလာပါလိမ့်မယ်။
7. Account ကိုနှိပ်ပါ။ Gmail address တွေကို တွေ့ရပါလိမ့်မယ်။ တကယ်လို့ မိမိ ဂျီမေးလ် ဝင်ခဲ့တယ် ဆိုရင်တော့ မိမိ gmail address နာမည် ပေါ်နေပါလိမ့်မယ်။
မိမိ နာမည်ပေါ်မှာ Rioght ကလစ်နှိပ်၊ delete ကို နှိပ်ပါ။ Name/Type/Date တို့ အောက်ကျန်ခဲ့ပါက Name အောက်ရှိ ab ပေါ်မှာ Right ကလစ်နှိပ်ပြီး delete လုပ်လိုက်ပါ၊


ဒီနည်းနဲ့ဆိုရင်ကိုယ့်ရဲ့ ဂျီမေးလ် လိပ်စာ ကျန်ခဲ့စရာ မရှိတော့လို့ စိတ်ပူစရာ မလိုတော့ပါဘူး။ ကိုယ့်ရဲ့ account ထဲမှာလည်း မလိုအပ်ဘဲလူများလာတာမျိုးမဖြစ်စေတော့ပါဘူး။

သယ်ရင်းအားလုံးကိုလေးစားလျှက် ကိုထက်

USB ERROR အတွက်ပါ



သယ်ရင်းတို့ တစ်ခါတစ်လေမှာ ကွန်ပြူတာမှာ USB တပ်ဆင်တဲ့အခါမှာအပေါ်ကပုံအတိုင်း
ERROR တွတစ်ခုမဟုတ်တစ်ခုတက်ပြီးသုံးမရဖြစ်တတ်ပါတယ်။ အဲ့ဒီအခါမှာ
USB ကိုကွန်ပြူတာကနေဖြုတ်ပြီးတော့အောက်ပါအတိုင်းလုပ်ဆောင်ကြည့်ပါ။

Run ( Windowkey+R ) မှာ regedit ကို ရိုက်ထည့်ပြီး Enter (or ) OK ပေးလိုက်ပါ။
Registry Editor တက်လာပါလိမ့်မယ်။

HKEY_LOCAL_MACHINESYSTEMCurrentControlSetControl ထိရောက်အောင်သွားလိုက်ပါ။

Control ပေါ်မှာ Right Click ထောက်ပြီး New မှာ Key ကို ရွေးလိုက်ပါ။
အမည်ကို StorageDevicePolicies လို့ ပေးလိုက်ပါ။

StorageDevicePolicies ကို Click လိုက်ပြီး ညာဘက်မှာ Right Click ထောက်
New ကနေ DWORD ကို Click ပေးပြီး အမည်ကို WriteProtect လို့ပေးလိုက်ပါ။

WriteProtect မှာ Double click ( or ) Right Click ထောက် Modify ကနေ
Value ကို 0 ထည့်ပေးလိုက်ပါ။

ပြီးလျှင်ကွန်ပြူတာကို Restart လုပ်ပြီးUSB ကိုပြန်တပ်ကြည့်လိုက်ပါ
အဆင်ပြေကြပါစေ။


သယ်ရင်းတို့ကိုလေးစားလျှက် ကိုထက်

Gmail Backup လုပ်ချင်သူများအတွက်

ဒီပိုလ့်လေးက သယ်ရင်းတို့အတွက်အသုံးဝင်လိမ့်မယ်လို့မျော်လင့်မိပါတယ်
ဘယ်နိုင်ငံသားတွေနဲ့မှ မတူတဲ့ မြန်မာ လူမျိုးများရဲ့ ထူးခြားတဲ့
ဓလေ့စရိုက်တစ်ခု က အင်တာနက်ပေါ်ကနေ ချစ်သူဖြစ်ရင် ချစ်သူရဲ့ Gmail account ရဲ့
Password ကို တောင်းပြီး အကောင့်ထဲ ဝင်ကြည့်တာ၊ ဖြတ်သင့်တာဖြတ်တာ၊ စစ်သင့်တာ
စစ်တာတွေ လုပ်ကြတာပါပဲ။ မသိရင်တော့ စစ်နေချိန်၊ ဝင်ကြည့်နေချိန်မှာ ကိုယ့်ထဲက
အကြောင်းတွေ သူသိသွားပြီး Sign out လုပ်လိုက်တာနဲ့ သူဘာမှမသိတော့ဘူး၊
ဘာမှမတက်နိုင်တော့ဘူး၊ ခဏပြပြီး Password ပြန်ချိန်းလိုက်မယ် လို့ ဘယ်တော့မှ
မစဉ်းစားလိုက်ပါနဲ့။ ဝင်ကြည့်နေချိန် ခဏ မှာ ကြည့်နေတာလေး နဲနဲတင် သိသွားမှာ
မဟုတ်ပါဘူး၊ ဟိုး အရင် account စ လုပ်ချိန်ကနေ နောက်ဆုံး account ကို လုံးဝ
မသုံး တော့ချိန်ထိ အားလုံး သိအောင် လုပ်ထားလို့ရပါတယ်။

ကိုယ့်အတွက် ကိုယ်ပဲ ဆိုရင်တော့ account အသစ် တစ်ခု သုံးချင်ချိန်တွေမှာ အရင်က
အဟောင်းထဲက Data တွေ အားလုံးကို အသစ်ထဲ ကို ပြန်သိမ်းဖို့ အရမ်း အဆင်ပြေပါတယ်။

Email ကို Back up လုပ်တဲ့ စနစ်လေးပါ။

အရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ ကိုယ့်ရဲ့ Email ထဲမှာရှိနေတဲ့ Mail တွေကို
တစ်ခြား Email တစ်ခုကို တစ်စောင်ချင်း Forward လုပ်စရာမလိုပဲ
နာရီပိုင်းအတွင်းမှာ သူ့အလိုလို တစ်ခြား Email တစ်ခုထဲကို Download
ချပြီးသားဖြစ်အောင်လုပ်လို့ရပါ
တယ်။

ဒီ နည်းလမ်းက ကိုယ့်ရဲ့ Password ကို အခြား တစ်စုံတစ်ယောက်ကို ပေးထားတတ်တဲ့
သူတွေအတွက် အရမ်းကို အန္တရယ်များတဲ့ နည်းလမ်းပါ။ မိနစ်ပိုင်းအတွင်းမှာ ကိုယ့်
ထဲကရှိသမျှ Mail အားလုံးကို ကိုယ့် Email address password ကိုသိနေတဲ့
တစ်ခြားလူတစ်ယောက်က download ချသွားနိုင်ပါတယ်။ ဘယ်သူ ချတယ်ဆိုတာ
ကိုယ့်ထဲမှာလည်း စစ်လို့မရဘူးနော်။ ဥပမာပြောရရင် sample@gmail.com က ကိုယ့်ရဲ့
mail ထားပါတော့ အခြား မသမာသူ တစ်စုံတစ်ယောက်က ကိုယ့်ရဲ့ Password သိနေတယ်ဆိုရင်
အောက်ဖော်ပြပါ နည်းလမ်းအတိုင်း လုပ်သွားပါက ကိုယ့်ထဲကို Verification code
ပါတဲ့ mail တစ်စောင်ပဲဝင်လာမယ်။ အဲဒီ mail ကိုလဲ အဲ့ဒီ မသမာသူ
တစ်စုံတစ်ယောက်ကပဲ ယူပြီးတာနဲ့ ပြန်ဖြတ်သွားရင် ကိုယ့်အနေနဲ့ ဘာမှတောင်
မသိလိုက်ရပဲ အားလုံးပါသွားလိမ့်မယ်။ အဟောင်းတွေ ပါသွားရုံတင် မဟုတ်ပါဘူး
နောက်ထက် အသစ်တွေ ဝင်လာရင်လည်း သူ့ဆီကိုအလိုလို download ချနေမှာပါ။


ဒီ post ရဲ့ အဓိကရည်ရွယ်ချက်ကတော့ (၁) မသိသူများအတွက် အသိတစ်ခု တိုးစေဖို့၊ (၂)
ကိုယ့် Email လုံခြုံရေးကို သတိပြုနိုင်စေဖို့နဲ့ (၃) ကိုယ့်ရဲ့ Email တွေကို
back up လုပ်လိုသူများ လုပ်နိုင်ဖို့ အတွက်ပါ။

သူများ Mail ကို ခိုးဖို့မဟုတ်ပါဘူး။ အားလုံးပဲ မှန်ကန်စွာအသုံးချမယ်လို့
မျှော်လင့်ပါတယ်။
ပထမဆုံး ကိုယ့် Mail တွေကို Back up လုပ်ပြီး သိမ်းထားဖို့အတွက် Gmail
အသစ်တစ်ခု လုပ်ပါ။

ပြီးရင် အဲဒီ Email အသစ်ထဲကိုဝင်ပါ။ ဥပမာ.. sample@gmail.com ဆိုတဲ့ Mail ကို
အသစ် လုပ်ထားသော Mail တစ်ခု ကနေ Download ဆွဲမယ်ဆိုပါစို့။

1. အသစ်လုပ်ထားသော Gmail ထဲကို အရင် ဝင်ပါ။

2. Setting ကို သွားပါ။

3. Account and Import tab ထဲကို ဝင်လိုက်ပါ။


4. Add POP3 email account button ကို click ပါ။


5. Download ချ မယ့် account ရဲ့ Email Address ကို ဖြည့်ပါ။ (Download ချ
ခြင်းခံရမည့် account)။

6. Next Step ကို click ပါ။

7. Password ကို ရိုက်ထည့်ပြီး Label incoming messages box ရှေ့တွင်
အမှန်ခြစ်ပေးပြီး Dropdown တွင် မိမိနှစ်သက်သလို lable အသစ်တစ်ခု ပေးပါ။

8. Add Account ကို click ပါ။

9. Next Step ကို ဆက်သွားပါ။

10. နာမည်ဖြည့်ပြီး Next Step ကို click ပါ။

11. Send Verification botton ကို click ပါ။

12. Code နံပါတ်ကို ထည့်ရန် နေရာနှင့် Verify button တစ်ခု ကျလာပါလိမ့်မယ်။
Code နံပါတ် ရရှိရန်အတွက် မူလ account ထဲသို့ ပြန်ဝင်ပါ။ inbox (သို့) span
mail ထဲသို့ code နံပါတ် ပါသော mail တစ်စောင် ရောက်ရှိ နေပါလိမ့်မယ်။

13. Code နံပါတ်ကို ဖြည့်ပြီး Verify လုပ်လိုက်ပါ။

နာရီအနည်းငယ်အတွင်းမှာပဲ Email အားလုံး ရောက်ရှိလာပါ လိမ့်မယ်။ အားလုံးပဲ
မှန်ကန်စွာအသုံးချနိုင်ကြပါစေ။

မှတ်ချက်။ ။ အနာသိရင် ဆေးရှိ။ အမေးရှိရင် အဖြေရှိ ဆိုတဲ့အတိုင်း
အသိနောက်ကျသွားလို့ ခံလိုက်ရသူတွေ၊ ကိုယ့် Email အချင်းချင်း Data
တွေပြောင်းရွှေ့ရာမှ ရပ်တန့်ချင်သူတွေနဲ့ ကိုယ် Gmail ကို သံဿယ ရှိသူတွေ အတွက်
ပြန်ဖြေနည်းတစ်ခု တော့ရှိပါတယ်။ ကိုယ် Password ပေးဖူးတဲ့ တစ်ယောက်ယောက် က
ကိုယ့်ဆီက Email တွေကို အထက်ပါ နည်းအတိုင်း Download ချ သွားပြီ ဆိုပါဆို့။
အဟောင်းတွေ ပါသွားတာတော့ ဘာမှ မတက်နိုင်တော့ ပါဘူး။ အဟောင်းတွေ ပါသွားတာကို
တားလို့မရပေမယ့် အသစ်တွေ သူ့ဆီမဝင်အောင် တားလို့တော့ ရပါသေးတယ်။
ဘယ်လိုတားမလဲဆိုတော့ နောက် post တစ်ခုတင်ပြီး ဖြေရှင်း ရေးသား ဖော်ပြ ပေးပါမယ်။
Gmail အသုံးပြုသူအားလုံး လုံခြုံ အစဉ်ပြေမှုများနှင့် ပြည့်စုံကြပါစေ။


ဒါလေးတော့ကျွန်တော်ဖြည့်ရေးလိုက်ပါ့မယ် နောက်ထပ်ကို့မေလ်းတွေကို bck up ချလို့မရတော့အောင်
မိမိဂျီမေးလ် settingိကိုသွားပါ forwarding and POP/IMAP ကိုသွားပါ
disable POP ကို အမှန်ခြစ်ပေးလိုက်ပါ save changes ကိုနှိပ်ပါ
မိမိ ဂျီမေလ်းကို Post Of Protocol (POP) server ကနေ ၀င်ခွင့်ကိုပိတ်လိုက်မှာဖြစ်လို့
bck up ချမဲ့သူက နောက်ပိုင်းမေလ်းတွေကို ရရှိတော့မှာမဟုတ်ပါ
ဆက်လုပ်ရင်လဲ မိမိဂျီမေလ်းအကောင့်ကို သူ bck up လုပ်ရန် ရိုက်လိုက်တာနဲ့
Access Denied for this user name & password ဆိုပြီးဖြစ်နေပါ့မယ်

Firefox အတွက် Foxtab လေးပါ

ဘာလို့လဲ ဆိုတော့ ဘလော့ဂ် လည်တဲ့ အထဲမှာ ဘလော့ဂ်ဂါ မဟုတ် သူတွေ လဲ အများအပြား ပါတယ် ဆိုတော့ ဘလော့ဂ်နဲ့ ပါတ်သက်တာ ချည်းဆိုပြန်ရင် သာမန်စာဖတ်သူတွေ အတွက် ပျင်းရိ ငြီးငွေ့စရာ ဖြစ်နေမှာ စိုးတဲ့ အတွက် ဘလော့ဂ်ဂါ တွေကော ရိုးရိုး စာဖတ်သူတွေ ပါ အသုံးဝင်မယ့် ဟာလေး တစ်ခု တင်ပြချင်ပါတယ် အဲဒါကတော့ အင်တာနက် လည်သူတိုင်း Browser တွေ သုံးကြရမှာပါ IE,Fire Fox အစရှိသဖြင့်ပေါ့လေ ဒီတော့ ကျွန်တော်က ဖိုင်းယားဖောက်စ် ခရေဇီ ဆိုတော့ ဖိုင်းယားဖောက်စ် အတွက် လှပဆန်းပြားတဲ့ Add on လေး တစ်ခုကို ဝေမျှချင်ပါတယ်..။

အောက်က ပုံလေးတွေ ကတော့ သူ့ရဲ့လုပ်ဆောင် နိုင်စွမ်းလေးတွေပါ



ကြည့်ကြည့်ပါအုံး မလန်းပေဘူးလား.... ဟုတ်ပြီ ဒါဆို ဘယ်လို ရနိုင်မလဲ??

http://www.foxtab.com/ ကိုသွားလိုက်ပါ ပြီးရင် Download Now ဆိုတာလေးကို နှိပ်လိုက်ပါ ဒါဆို ဖိုင်းယားဖောက်စ် ညာဘက်အပေါ်ထောင့် နားမှာ အင်စတောလုပ်ဖို့ Allow ခလုတ်လေး ပေါ်လာပါမယ်. အဲဒါကို ဆက်နှိပ်ပေးပါ ဒါဆိုရင် pop up ဝင်းဒိုး တစ်ခုပေါ်လာပါလိမ့်မယ် အင်စတော လုပ်ဖို့ ငါးစက္ကန့် လောက် စောင့်ရပါမယ် ပြီးရင် အင်စတော ခလုတ်လေးကို နှိပ်လိုက်ပါ အင်စတော လုပ်ပြီးတာနဲ့ ဖိုင်းယားဖောက်စ် ကို Restart လုပ်ခိုင်းရင် လုပ်လိုက်ပါ..၊

ဖိုင်းယားဖောက်စ် ပြန်ပွင့်လာတဲ့ အချိန်မှာ ကျွန်တော်တို့ လိပ်စာဘား URL Bar ဘေးနားမှာ အပြာရောင် စကရင် တွေ ထပ်နေတဲ့ ပုံလေး တစ်ခု တိုးလာပါလိမ့်မယ်..

အကြီးကြည့်ရန်ပုံကိုနှိပ်ပါ

ကျန်တဲ့ အပိုင်းတွေကတော့ အားလုံး လွယ်ကူစွာ အသုံးပြုနိုင်မှာပါ ကိုယ်တိုင်လုပ်ကြည့် လိုက်ရင် သိနိုင်ပါတယ်...။


Window XP မှာ Window 7 သုံးချင်သူများတွက်ပါ

သယ်ရင်းတို့အတွက်ကူယူဖေါ်ပြပေးလိုက်တာပါ

သူငယ်ချင်းတို့ကို မိတ်ဆက်ပေးချင်တဲ့ ဆောစ့်ဝဲလ်လေးကတော့..

ဝင်းဒိုးXpကို ၀င်းဒိုး7မြင်ကွင်းပြောင်းတဲ့ ဆောစ့်ဝဲလ်လေးပါ
သူငယ်ချင်းတို့ နှစ်သက်မယ်ထင်ပါတယ် (၀င်းဒိုးXpသုံးတဲ့သူတွေ)
ကျွန်တော်စက်မှာရိုက်ထားတဲ့ပုံတွေပါ……….လေ့လာကြည့်ကြည့်ပါ…..

ဝင်းဒိုး7 မြင်ကွင်းပြောင်းဖို့
ပထမအသုံးပြုရမှာက Theme ကိုပထမအသုံးပြုပါ
ဒုတိယအသုံးပြုရမှာက ကွန်ပျူတာဘားတန်းကို အကြည်ဖောက်အောင်လုပ်တဲ့
TransBar ပရိုဂရမ်လေးကို Run လိုက်ပါwindows starup ကိုအမှတ်ပေးထားရင် နောက်တစ်ခါပြန်ဖွင့်တဲ့အခါ

အော်တိုအလုပ်လုပ်ပါတယ်(မလုပ်ထားဘူးဆိုရင်ပြန်ပြီးRun မှရမှာပါ)

ပုံမှာပြထားတဲ့အတိုင်းလုပ်လိုက်ပါ...ပုံမှာပြထားတဲ့ရာခိုင်နှုန်းက ရာနှုန်းနည်းလေပိုပြီးကြည်လေပါဘဲ

ကိုယ်နှစ်သလိုပြောင်းလဲနိုင်ပါတယ်

တတိယအသုံးပြုရမှာက ကွန်ပျူတာဘားတန်းကို…ပုံမှာပြတဲ့ အတိုင်းဖြစ်အောင်
ViGlance OneStep V2 ဆိုတဲ့ပရိုဂရမ်ကို Run လိုက်ပါ….

ပုံမှာပြတဲ့အတိုင်းဝင်ပြီးတော့

ကိုယ်နှစ်သက်လိုပြန်ပြောင်းနိုင်ပါတယ်(ကျွန်တော်ကတော့အမှတ်တွေအကုန်ပေးလိုက်ပါတယ်)

.နောက်ဆုံးအသုံးပြုရမှာက Start Menu ကို ၀င်းဒိုး7ပုံစံ အတိုင်းဖြစ်အောင် ViStart
ပရိုဂရမ်လေးကို Run လိုက်ပါ

အပေါ်ကပုံမှာပြတဲ့အတိုင်း Option ထဲဝင်ပြီးတော့

အဲဒါဆိုအခုပုံအတိုင်းမြင်ရမှာပါ

ဒါဆိုသူငယ်ချင်းတို့ကွန်ပျူတာမှာ……ကျွန်တော်စက်မှာ ဓာတ်ပုံရိုက်ထားတဲ့ အတိုင်းဝင်းဒိုး7
ပုံစံကိုမြင်ရပါပြီ…… စိတ်ဝင်စားရင်အောက်မှာဒေါင်းသွားပေါ့ဗျာ

http://www.mediafire.com/ (သို့) http://tunabox.net/ (သို့) http://www.4shared.com/

(သို့)

http://ifile.it/(သို့)http://www.diskme.com/

စက်ထဲမှာ Run တာအခက်ခဲရှိမယ်ဆို.အခုလိပ်စာမှာသွားပြီးတော့လေ့လာနိုင်ပါတယ်

http://www.lee-soft.com/skins/

free ဗားရှင်းဖြစ်တဲ့အတွက် သူငယ်ချင်းတို့စိတ်သိပ်ရှုပ်စရာမလိုတော့ပါဘူး

ပေါ်တာလည်းတော်တော်ကြာပါပီ...မသိသေးတဲ့သူအတွက်တော့အသစ်ပေါ့ဗျာ....

သယ်ရင်းအားလုံးကိုကျေးဇူတင်လျှက်ပါ ကိုထက်

ချောကလပ်မြို့တော်မှကူယူတင်ပြလိုက်ပါသည်

Gtalk မှာတင်ထားတဲ့ပုံတွေကူနည်း

သယ်ရင်းတို့လဲသိချင်ကြမှာပေါ့နော်

ကျွန်တော်လဲ ကူးယူမျှဝေလိုက်တာပါ

ဒါကတော့ တော်တော်များများသိကြတယ်..

မလုပ်တတ်ကြတာပါ...

နည်းနည်းတော့ အလုပ်ရှပ်မယ်နော်...

အရင်ဆုံးမိမိ လိုချင်တဲ့အကောင့်ပုံလေးကိုပေါ့..

လိုချင်တဲ့သူရဲ့ အကောင့်ကိုထောက်လိုက် ပြီးရင် ဘေးမှာ အကျယ်လေးပေါ်လာမယ်...

အဲ့အချိန်မှာ Ctrl ရယ် print screen / sys rq ကို တွဲပြီးတစ်ပြိုင်တယ်နိုပ်ပါ...

ပြီးရင် start > program > accessories > paint

(or)

cmd မှာ mspaint လို့ ရိုက်လိုက်ပါ...

ပြီးရင် ပုံဆွဲတဲ့ပာာပေါ်လာပါမယ်...

အဲ့ဒါ Ctrl ရယ် V ရယ်ကိုနိုပ်လိုက်ပါ....

ပုံကြီးကြလာပါမယ်..

အဲ့မှာ ဘေးဘက်လေးမှာ လေးထောင့် အစက်လေးတွေနဲ့ ပာာရှိတယ်ဗျ..

နိုပ်လိုက်ပါ..

ပြီးရင် မိမိလိုချင်တဲ့ပုံနေရာလေးကို မြှားဆွဲလိုက်..

ပြီးရင် Ctrl+C နိုပ် ..

ပြီးရင် အပေါ်နားမှာ file မှ new ကိုသွားပါ...

မှတ်မလားမေးရင် no လုပ်လိုက်ပါ...

ပြီးရင် အသစ်တစ်ခုရလာပြီဆိုရင်တော့

ctrl+v နိုပ်လိုက်ပါ...

ဒါဆို ပုံလေးထွက်လာပါမယ်

ပြီးရင်တော့မိမိကြိုက်တဲ့နေရာမှာမှတ်နိုင်ပါပြီ...

အနည်းငယ်တော့ဝါးမယ်နော် အားလုံးကိုကျေးဇူတင်လျှက် ကိုထက်

ညီကိုတစ်ချို့ မေးလို့ တင်ပေးလိုက်ပါတယ်...

အဆင်ပြေပါစေဗျာ.........

ကိုညီနေမင်း ဆိုဒ်မှကူးယူဖော်ပြသည်

AMS_Beauty_Studio V1.85

ဒီဆော့လေးကတော့ ဓါတ်ပုံ တွေကို မိတ်ကပ်ပြင်ဆင်တဲ့ဆော့လေးပဲဖြစ်ပါတယ်
သယ်ရင်းတို့ အများအားဖြစ်တော့အလှအပ ကိုကြိုက်နှစ်သက်လိမ့်မယ် လို့မျှော်လင့်မိပါတယ် ဒီထဲမှာကျွန်တော်လဲပါတာပေါ့ ဗျာ ဟဟဟ :P ကယ်သယ်ရင်းတို့စမ်းသုံးကြည့်ပါ အဆင်ပြေပါစေ
အမြဲတမ်းသုံးနိင်အောင် Serial လဲထည့်ထားပေးပါတယ်
ထုံးစံအတိုင်း ဘူကြီး ဆိုတာလေးကို ကလစ်ပြီး ယူပေတော့ဗျာ

အားလုံးကိုကျေးဇူတင်လျှက် ကိုထက်




Adobe Flash Builder Premium For PHP 4.5


Adobe Flash Builder Premium For PHP 4.5
ဒီဆော့လေးကတော့ အသစ်ထွက်တဲ့ဆော့လေးပဲဖြစ်ပါတယ် သယ်ရင်းတို့အတွက်လဲ အသုံးဝင်မယ် လို့မျှော်လင့်မိပါတယ် အောက်မှာ ဖိုင်တွေကို အပိုင်းလိုက် တင်ထားပေးတာပါ
ကျွန်တော်ကွန်ကသိပ် မကောင်းလို့ မူရင်း လင့်အတိုင်းတင်ပေးထားတာ
သယ်ရင်းတို့အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်
အောက်မှာဒေါင်းလိုက်နော်


FileSonic

http://www.filesonic.com/file/929272594/afbphp45-cor.part1.rar
http://www.filesonic.com/file/929272634/afbphp45-cor.part2.rar
http://www.filesonic.com/file/929302604/afbphp45-cor.part3.rar
http://www.filesonic.com/file/929301994/afbphp45-cor.part4.rar
http://www.filesonic.com/file/929301964/afbphp45-cor.part5.rar
http://www.filesonic.com/file/929301944/afbphp45-cor.part6.rar
http://www.filesonic.com/file/929268044/afbphp45-cor.part7.rar

FileServe

http://www.fileserve.com/file/hnq6hSR/afbphp45-cor.part1.rar
http://www.fileserve.com/file/btSqaS7/afbphp45-cor.part2.rar
http://www.fileserve.com/file/c39Qgqr/afbphp45-cor.part3.rar
http://www.fileserve.com/file/jzCHQqF/afbphp45-cor.part4.rar
http://www.fileserve.com/file/6EcdFy8/afbphp45-cor.part5.rar
http://www.fileserve.com/file/yf887hj/afbphp45-cor.part6.rar
http://www.fileserve.com/file/xVwvVDX/afbphp45-cor.part7.rar

အားလုံးကိုကျေးဇူတင် လျှက် ကိုထက်

Window Media Player အတွက် Skin လှလှလေးတွေ

ဝင်းဒိုးတွေမှာ Default ပါတတ်တဲ့ Window media player က Version တွေဘယ်လောက် ပြောင်းပြောင်း သူ့ Theme ကတော့ ပြောင်းသွားလေ့မရှိပါဘူး.. ပြောင်းလာလဲ အနည်းငယ်သာ ပြောင်းလဲလာတတ်ပါတယ်.. အခုတော့ အဲလိုပျင်းဖို့ကောင်းတဲ့ skin တွေနေရာမှာ လှလှလေးတွေနဲ့ အစားထိုးသုံးမယ်နော်
သယ်ရင်တို့အတွက်လိုအပ်တဲ့ စိတ်ကြိုက် Skin တွေကို အသုံးပြုနိုင်အောင် အောက်မှာလင့်ပေးထားပါတယ်ခင်ဗျာ ကိုယ်သဘောကျတဲ့ Skinတွေကို down လိုက်ပါ Yes?/No? မေးလာပါက Yes ကိုရွေးခြည်ပေးသည်နဲ့ တပြိုင်နက် Install ပြီးသားပါ ခင်ဗျာ
အဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာ

  1. Download Skin http://windows.microsoft.com/en-us/windows/downloads/windows-media-player/skins Visualizations
  2. Download Visualizations http://windows.microsoft.com/en-us/windows/downloads/windows-media-player/visualizations

အားလုံးကိုလေးစားလျှက် ကိုထက်

Run Box မှာ GPEDIT.MSC ဖွင့်မရခြင်း

သယ်ရင်း ရဲ့ Windows XP က Home Editionဖြစ်နေပါသလား။ Home Editionဆိုရင် gpedit.msc (Group Policy Editor) မပါလာပါဘူး။ ဘာကြောင့်ဆို XP Home သည် Standalone version ဖြစ်နေလို့ပဲဖြစ်ပါတယ်ခင်ဗျာ

Windows Vista ဖြစ်နေပါက Vista Home Premiumဆိုရင် gpedit.mscမပါလာပါ။ Vista Business, Ultimate and Enterpriseဆိုရင် ပါလာပါတယ်။
အကယ်၍ တခြား Version အထူးသဖြင့် Windows XP Proဆိုရင်တော့ ပါလာပါတယ်။ ပါလာရဲ့သားနဲ့ ခေါ်လို့ မရသေးဘူးဆိုရင် Virus ကြောင့် အများဆုံးဖြစ်နိုင်ပါတယ်...

Registry Editor ထဲမှာ သွားပြီး ပြင်ဆင်နိုင်ပါတယ်။ သို့ပေမယ့် Registry Editorထဲတွင် အပြင်အဆင် မှားသွားပါက မိမိ၏ Windows problemsများစွာ ဖြစ်လာနိုင်ပါတယ်ခင်ဗျာ ။ ဒါမို့ Consoleထဲတွင် သွင်းထည့်နိုင်ပါသည်။
  • Start menu > Run > "mmc"ကို ရိုက်ထည့်ပါ။ Consoleဖွင့်ခြင်းဖြစ်သည်။
  • Console 1 Windowမှ File menu> Add/Remove snap in...ကိုနှိပ်ပါ။
  • Add/Remove snap in.. dialog boxမှ Add buttonကိုနှိပ်ပါ။ ပုံပါအတိုင်းဖြစ်သည်။
  • ထို့နောက် Add Standalone snap-in dialog boxမှ Available Standalone snap-ins အောက်ကိုသွားပြီး Group Policy Object Editorကို selectလုပ်ကာ Add buttonနှိပ်လိုက်ပါ။
  • ထို့နောက် Finish buttonကို နှိပ်လိုက်ပါ။ Okဆက်နှိပ်ပါ။ Saveလုပ်ပါ။
  • ဒါဆိုရင် gpedit.msc ပေါ်လာပါပြီ။
အားလုံးကိုကျေးဇူတင်ပါလျှက် ကိုထက်

Sothink SWF to VIDEO converter _V2.4(+Keygen)


ဒီဆော့လေးကတော့ သယ်ရင်းတို့အတွက်တော့ အသုံးဝင်နိုင်တဲ့ဆော့လေးပါ
SWF File Type ကနေ Video File အဖြစ်ပြောင်းတဲ့ Program လေးပါ..
SWF File Type ကနေ အောက်ပါ ဖိုင်တွေအဖြစ် ပြောင်းလဲနိုင်ပါတယ် ..

AVI video (.avi)
MPEG video (.mpg)

iPod video (.mp4)
PSP video (.mp4)
3GPP video (.3gp)
3GPP2 video (.3g2)
Image series (BMP,PNG,JPEG,GIF,Animated GIF)

ဒါလဲ သုံးရတာ သမရိုးကျမဟုတ်လို့ အသုံးပြုပုံ နည်းနည်းရှင်းပြပေးလိုက်ပါ့မယ် ..



  • Open icon ကိုနှိပ်ပြီး ပြောင်းချင်တဲ့ SWF ဖိုင်ကိုရွေးချယ်လိုက်ပါ ..
  • Next > ကိုနှိပ်ပြီး ပြင်ချင်ရာပြင်ပီး Next > ကိုဆက်နှိပ်ပါ .. :-P
  • မိမိပြောင်းလဲချင်တဲ့ File Type ကိုရွေးချယ်ပေးပြီး Next > ကိုဆက်နှိပ်လိုက်ပါ ..
  • ပြီးရင် Play and capture နှိပ်ပြီး ဆုံးတဲ့အထိ ခဏစောင့်ပေးပါ ..
  • Play and capture လုပ်တာ အဆုံးထိရောက်သွားပြီးဆိုရင် Finish ကိုနှိပ်ပေးလိုက်ပါ .. မိမိပြောင်းထားတဲ့ File Type အဖြစ် ပြောင်းလဲပေးသွားပါလိမ့်မယ် ..

  • ထည့်ပေးလိုက်တဲ့ Keygen က Sothink က ထုတ်တဲ့ တော်တော်များများ Software နဲ့ သက်ဆိုင်နေတဲ့အတွက် Software နာမည်တွေ အများကြီးဖြစ်နေပါလိမ့်မယ် .. Sothink SWF to Video Converter 2.3 ကိုပဲ ရွေးချယ်ပေးလိုက်ပါ..

    သယ်ရင်းတို့စိတ်ဝင်စားမယ်လို့မျှော်လင့်မိပါတယ် အောက်က ဘူကြီး ဆိုတာလေးကို ကလစ်ပေးပြီဒေါင်းပေးပါခင်ဗျာ


    အားလုံးကိုကျေးဇူတင်ပါတယ်လျှက် ကိုထက်





    Aurora 3D Animation Maker

    ဒီဆော့လေးကတော့ 3D Text Animation, 3D flash Banner, 3D gif animation,3D movie title, Logo Animation အစရှိသည်တို့ကို မိမိစိတ်ကြိုက် ဖန်တီးပေးနိုင်တဲ့ စော့ဝဲပဲ ဖြစ်ပါတယ်....ဒီစော့ဝဲရဲ့ အသုံးပြုနိုင်မှု အသေးစိတ်ကို သိချင်တယ်ဆိုရင်တော့ မူရင်းWebsite မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်.....စိတ်ကြိုက်အသုံးပြုနိုင်အောင် Keygen ပါထည့်သွင်းပေးထားပါတယ်....စိတ်ဝင်စားတယ်ဆိုရင်တော့
    အောက်မှာ ဘူကြီး ဆိုတာလေးကိုကလစ်ပြီး ယူနိုင်ပါတယ်ခင်ဗျာ.....



    VIPRE antivirus and antispyware



    ဒီဆော့လေးကလဲ Anti virus သက်တဲ့ကောင်လေးပါပဲ ပေါ့ပေါ့ပါးပါနဲ့ သေသေချာချာ သုံးချင်သူတွေ အတွက်တော့ဒီတော့လေး ကအသင့်တော်ဆုံးလို့ ကျွန်တော်ထင်မိပါတယ် ဒါမို့လဲသယ်ရင်းတို့အတွက်ကျွန်တော် တင်ပေးလိုက်တာပါ

    သယ်ရင်းတို့အတွက် အသုံးဝင် ပါစေ အောက်မှာ ဘူကြီး ဆိုတာလေးကို ကလစ်ပေးပြီးဒေါင်းနိုင်ပါတယ်ခင်ဗျာ




    ၉ လစောင့်ရမယ် (အမျိုးသားများအတွက်)

    အမျိုးသား တစ်ဦးသည် အလုပ်တွင် အဆင်မပြေဖြစ်တိုင်း မိမိမှာတော. မိသားစု
    အတွက် နေ.စဉ်နေ.တိုင်းအလုပ်တွင် အနည်းဆုံး ၈ နာရီ အလုပ်လုပ်ရချိန်၌
    ဇနီးဖြစ်သူ မှာ အိမ်တွင် အေးအေးဆေးဆေး နေနိုင်နေကြောင်းကို တွေးမိကာ
    ဇနီးသည် ကို မနာလိုဖြစ်နေတက်သည်။

    မိန်းမအား မနာလိုမူတို. အားကြီးလာ သောအခါ တစ်ည ညအိပ်ရာဝင်ချိန်တွင်
    ဘုရားသခင်ကို တိုင်တည်ဆုတောင်းသည်ဟူ၏။

    "အဖ ဘုရားသခင်….. ကျွန်တော်သည် နေ.စဉ်အနည်းဆုံး ၈နာရီအလုပ်လုပ်ရချိန်တွင်
    ဇနီးဖြစ်သူမှာ အိမ်၌ ကောင်းစွာ နားနေနိုင်ပါသည်။ ဘ၀မှာ မမျှတပါ… သို.
    ဖြစ်ပါ၍ မိန်းမတို.၏ အေးဆေးသက်သာရှိသောဘ၀ ကို မြင်စွမ်းနိုင်ခွင်.ငှာ
    မနက်ဖြန် မနက်မှစ၍ ကျွန်တော်နှင်. ကျွန်တော်.မိန်းမတို.ဘဝ
    တခဏဖြစ်ခွင်.ရပါစေသား အရှင်ဘုရား…." ဟုဘုရားသခင်ထံ
    တိုင်တည်ဆုတောင်းလိုက်သည်။

    အံ.အားသင်.စရာ ကောင်းစွာပင် ဘုရားသခင်က "မင်းတောင်းတဲ.ဆု ပြည်.စေ" ဟု
    ခွင်.ပြုလေသည်။

    နောက်တစ်နေ. မိုးလင်းချိန်တွင် အမျိုးသား မှာ အမျိုးသမီးဘ၀သို.
    ထူးဆန်းစွာ ပြောင်းလဲသွားလေသည်။ ထို.ကြောင်.ယောက်ျားထက် ဦးစွာ နိုးထကာ
    နံနက် စာ ပြင်ဆင်ရလေသည်။ နံနက်စာပြင်ဆင်ပြီးနောက် ယောက်ျားလုပ်သူနှင်.
    သားသမီး များကို နိုးကာ နံနက်စာကျွေးမွေးရသည်။ နံနက်စာကျွေးပြီးနောက်
    ယောက်ျားနှင်.ကလေးများ ရုံးနှင့် ကျောင်းသွားနိုင်ရင် အ၀တ်အစား၊ ထမင်းဘူး
    တို.ကို ပြင်ဆင်ပေးရသည်။ ကလေးများကို ကျောင်းသို.ပို.ရသည်။ ထို.နောက်
    ဈေးဝင်ဝယ်ပြီး အိမ်ပြန်လာရသည်။ ချက်ပြုတ်ရသည်။ အ၀တ်လျှော်ရသည်။
    မီးပူတိုက်ရသည်။ အပြေးအလွား သတင်းစာ ဖတ်ရသည်။ ရုပ်မြင်သံကြား ကြည်.ရသည်။

    ထို.နောက် ကလေးများကို ကျောင်းမှ ကြိုရသည်။ ကလေးများအား
    ရေမိုးချိုးပေးရသည်။ အိမ်စာ ၀ိုင်းကူ လုပ်ပေးရသည်။ ယောက်ျား ရုံးမှ
    ပြန်လာချိန်တွင် ရေမိုးချိုးနိုင်ရန် ပြင်ဆင်ပေးပြီး ညစာ အတူစားရသည်။
    ဆေးကြော သန်.ရှင်းရေး လုပ်ရသည်။

    ယောက်ျားက စကားပြောဆို မေးမြန်လျှင် ပြန်လည်တုံ.ပြန်ဖြေကြားရပြီး
    ယောက်ျားဖြစ်သူ အလိုအတိုင်း အိပ်ရာဝင်ရကာ ယောက်ျားစိတ်တိုင်းကျ ပြုသမျှ
    နုရပြန်သည်။

    နောက်တနေ. နံနက်စောစောထချိန် မိန်းမ ဘ၀သို. ရောက်နေဆဲ ဖြစ်သော
    ယောက်ျားသည် ဘုရားသခင် ထံ အပြေးအလွား ဆုတောင်းပြန်သည်။

    "အဖ ဘုရားသခင်… ကျွန်တော်မျိုး(အဲ… ကျွန်မ) မှားသွားခဲ.ပါပြီ။ မိန်းမတွေ
    မည်မျှပင်ပန်း၊ စိတ်ရှည်၊ သည်းခံရသည်ကိုလည်း ကိုယ်ချင်းစာမိပါပြီ။
    ကျွန်တော် မိန်း(အဲ ယောက်ျား၊ မဟုတ်ပါဘူး ဘုရား မိန်းမ) ကို ယခုမှ စပြီး
    ချစ်မြတ်နိုး၍ ကောင်းစွာစောင်.ရှောက်ပါတော.မည်
    ။ ကျွန်တော်မျိုးမအား
    ယောက်ျားဘ၀ကို အခုချက်ချင်း ပြန်လည် ပေးသနားပါ။ မိန်းမနှင်.ဘ၀ချင်း ပြန်၍
    ပြောင်းလဲပေးတော်မူပါဘုရား" ဟုလိုက်လိုက်လှဲလှဲ ဆုတောင်းလေတော.သည်။

    ဘုရားသခင်သည် တပည့်သား(သမီး) အားအောက်ပါအတိုင်း ပြော၍ ပြန်လေတော.သည်။

    "မင်း (နင်) အမြင်မှန်ရ၍ ငါဝမ်းမြောက်လှပေသည်။ သို.သော်ငြား မင်း(နင်)
    သည် ယမန်နေ.ည က ယောက်ျားလုပ်သူ အား ကောင်းစွာပြုစုခဲ၍ သန္ဒေအောင် လေပြီ၊ ၉
    လမျှ အသာစောင်.၍ ဘ၀ပြောင်းရန် ငါထံဆုပြန်တောင်းလေ" ဟူသတည်း။……………..

    ဂူဂဲလ်မှာ ရှာဖွေထားခြင်း ဖြစ်သည်။.. ခေါင်းစဉ်၌ မန်ယူဟု ထည့်ထားခြင်းမှာ ဟိတက်ချင်သော မန်ယူဖန်များ လာဖတ်စေရန် ထောင်ချောက် ဆင်ထားခြင်း ဖြစ်သည်။ :P

    - Copyright © ဘူကြီး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -