Archive for July 2011

AVS Video Editor v6.0.3.184

ဒီဆော့လေးကို ကိုတကူသားလေး ဆီမှ ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

သယ်ရင်းတို့အတွက် အထူးပင်အသုံးဝင်မယ်လို့မျှော်လင့်မိပါတယ်



AVS_Video_Editor_v6.0.3.184_3 ထွက်လာလို့ပြန်ရှယ်ပေးလိုက်ပါတယ်..။ Video Editing ကို
Professionalကျကျသုံးချင်သူတွေအတွက်တော့အသုံးဝင်ပါလိမ့်မယ်..။ Transitions , Video Effects ,
Text , Voice ,Disc Menu စတဲ့ Function တော်တော်များများကိုလည်းအသုံးပြုနိုင်ပါတယ်..။ကျွန်တော်
U-Tube မှာဒီကောင်လေးအတွက် Tutorial လေးတွေကြည့်ကြည့်တာတင်တော်တော်များများ Function
တွေကိုသုံးလို့ရတာတွေ့ရပါတယ်..။ကျွန်တော်ကိုယ်တိုင်မအားတဲ့အတွက်သုံးနည်းလေးကိုရှင်းမပြနိုင်တာ
တော့တောင်းပန်ပါတယ်..။အောက်မှာအသုံးပြုရတာအဆင်ပြေအောင် Tutorial လေးတွေကို Video File
လေးတွေနဲ့တင်ပေးထားပါတယ်.။ဒီကောင်လေးအတွက် Activator လေးပါထည့်ပေးထားပါတယ်..။
ဒီကောင်လေးကို Run ပြီး Active လုပ်ပေးလိုက်ယုံပါပဲ..။သုံးချင်တဲ့သူများကတော့အောက်မှာအဆင်ပြေ
တဲ့လင့်ကနေသာဒေါင်းလော့ချသွားလိုက်ပါ..။

ဖိုင်ဆိုဒ်က 146 MB လောက်ရှိတဲ့အတွက်ကျွန်တော်ဒေါင်းလော့ချရတာအဆင်ပြေအောင်နှစ်ပိုင်းခွဲပြီးတင်ပေး
ထားပါတယ်..။

GMAIL အကောင့်ဖျက်ချင်ရင်

သယ်ရင်းတို့ အတွက် အသုံးမလိုတော့တဲ့ Gmail Account ကို ဖြတ်ချင်တယ်ဆိုရင် -
၁။ ပထမဦးဆုံးအနေနဲ့ မိမိဖျက်မယ့် Account နဲ့ Gmail ကို ဒီနေရာကနေ Login ၀င်လိုက်ပါ။
၂။ Login ၀င်ပြီးနောက် Account Setting ရှိ Services မှ Delete Account “Close account and delete all services and info associated with it” ကို Click နှိပ်လိုက်ပါ။
Delete Google Account
၃။ ထို့နောက် Gmail Account ကို တကယ်ဖျက်မယ်ဆိုတာ Confirm လုပ်ဖို့ မေးလာပါလိမ့်မယ်။ ပုံမှာ ပြထားတဲ့အတိုင်း အမှန်ခြစ်များဖြည့်ပြီးနောက် Current Password: မှာ မိမိဖျက်မယ့် Account ရဲ့ Password ကို ဖြည့်ပြီးနောက် Delete Google Account ကို နှိပ်လိုက်ရင် မိမိဖျက်လိုတဲ့ Gmail Account ကို ဖျက်လို့ပြီးစီးပြီဖြစ်ပါတယ်။
Delete Google Account

ကွန်မကောင်းလျှင် အသုံးပြုနိုင်ရန်

ကျွန်တော် (15.7.2011) ရက်မှာမြန်မာကိုရောက်ခဲ့ပါတယ် အင်တာနက်သုံးကြည့်တဲ့ခါ ဘလော့တင်မရ၊ ဖွင့်မရ၊ gtalk gmail ဖွင့်မရတာတွေ များနေလို့ ကျွန်တော်သိနားလည်သလောက် လိုက်ရှာကြည့်ခဲတော့။
အောက်ပါဆိုဒ်လေးတွေကို တွေ့ရှိခဲ့ပါတယ်။ အဲဒီဆိုဒ်လေးတွေကို ဖွင့်ကြည့်တဲ့ခါ တော်တော်လေး အဆင်ပြေတာ တွေ့ရပါတယ်။ ကော်နရှင်ကျတဲ့ချိန်တွေမှာ သုံးလို့ရတဲ့အတွက် အဲဒါတွေကို သုံးကြည့်ပြီး မြန်မာပြည်မှသယ်ရင်းတွေ အသုံးပြုလွယ်ကူစေရန် ကိုထက် မျှဝေပေးလိုက်ပါတယ်။ အထူးသဖြင့် မြန်မာပြည်ကလူတွေကို မျှဝေပေးကြပါ။

ပထမဦးဆုံး gtalk ၀င်လို့ရတဲ့ ဆိုဒ်တွေကို အရင်ပြောပြပေးပါမယ်။

၁။ http://www.ebuddy.com/#gtalk ကို Mozilla Firefox မှာ ရိုက်ထည့်လိုက်ပါ။ ပွင့်လာတဲ့အခါမှာ gtalk ပုံလေး တွေ့ပါလိမ့်မယ်။ အဲဒီပုံလေးနှိပ်ပြီး အကောင့်ဝင်လိုက်တာနဲ့ နောက်စာမျက်နှာတစ်ခုပေါ်လာပြီး ခဏနေရင် ပွင့်လာလိမ့်မယ်။

၂။ နောက်တစ်ဆိုဒ်က http://x15.iloveim.com/servlets/logoutPage ပါ။ အဲဒီမှာလည်း gtalk ၀င်လို့ ရပါတယ်။

၃။ နောက်တစ်ခုက http://webuzz.im/ ပါ။ သူကလည်း gtalk ၀င်လို့ရတဲ့ဆိုဒ်ပါပဲ။

အကောင်းဆုံးကတော့ နံပါတ်တစ်ဆိုဒ်ပါ။ တစ်ခုမရမှ နောက်တစ်ခု စမ်းကြည့်ကြပေါ့လေ။

gmail ၀င်မရရင်တော့ ဒီကနေ http://mistakeproxyarea.appspot.com/gmail.com ၀င်လိုက်ပါ။ အကောင့်ဝင်ပြီး မေးလ်ဖတ်လို့ ရပါပြီ။ အဲဒီကမှာမရရင် ဒီကနေ ၀င်လိုက်ပါ။ http://mistakeproxyarea.appspot.com/webuzz.im/ ဒါကိုဖွင့်ပြီးတာနဲ့ အောက်ဆုံးမှာ မောက်လေးနဲ့ရမ်းလိုက်ပါ။ gtalk gmail ၀င်လို့ရမဲ့ ပုံလေးတွေ တွေ့ပါလိမ့်မယ်။ gtalk ပုံကတော့ ရှင်းပါတယ်။ gmail ပုံကတော့ gtalk အောက်ဆုံးမှာပေါ်တဲ့ပုံစံလေးအတိုင်းပါပါတယ်။ အဲဒါလေးကို ထောက်နှိပ်လိုက်ရင် gmail ၀င်လို့ရပါပြီ။

ဒါလေးကတော့ http://mistakeproxyarea.appspot.com/ မိမိကြည့်ချင်သောဆိုဒ်များကို ကျော်ကြည့်လို့ရတဲ့ ဆိုဒ်လေးပါ။ ဒါလေးကို အရင်ဖွင့်ပြီး မိမိကြည့်ချင်တဲ့ဆိုဒ်နာမည်ကိုရိုက်ထည့်ပြီး Go ကိုနှိပ်လိုက်တာနဲ့ ပွင့်လာပါလိမ့်မယ်လေ။ ဒါကလည်း http://www.polysolve.com/ ၀က်ဆိုဒ်များကို ကျော်ကြည့်တဲ့ ဆိုဒ်တစ်ခုပါ။ အဲဒီဆိုဒ်ကို ဖွင့်ပြီးတဲ့ခါ ကြော်ညာတစ်ခုအပေါ်ကနေ ဖုံးနေတာတွေ့ပါလိမ့်မယ်။ အဲဒါကို ကြက်ခြေခတ်လေးနှိပ်ပိတ်လိုက်ပါ။ ပြီးရင် Begin Solving ရှေ့မှာ မိမိဖွင့်ချင်တဲ့ဆိုဒ်နာမည်ကို ရိုက်ထည့်လိုက်ပါ။ ရိုက်ထည့်ပြီးတာနဲ့ Begin Solving ဆိုတာကို နှိပ်လိုက်ပါ။ ပွင့်လာပါလိမ့်မယ်။ အပေါ်ကဟာနဲ့မရရင် ဒါလေးနဲ့ ကျော်ဝင်ကြည့်ပေါ့လေ။

တစ်ခါတလေကျတော့လည်း မြန်မာပြည်ကော်နရှင်က Access has been Denied လို့ ပြတတ်ပါတယ်။ အဲဒီလိုပြတဲ့အခါ မိမိဖွင့်နေတဲ့ဆိုဒ် သို့မဟုတ်မေးလ်ရဲ့အပေါ်ဘားတန်း http:// နောက်မှာ https:// ဆိုပြီး (S) လေးထည့်ပေးမှ ပွင့်တာမျိုးလည်း ရှိပါတယ်။

ဒီနည်းစနစ်တွေကတော့ မြန်မာပြည်အလည်ပြန်လာမှ သိတဲ့နည်းစနစ်တွေပါ။ မြန်မာပြည်ကော်နရှင်အား အံတုနိုင်အောင် စိတ်တိုင်းကျမွှေနှောက်ထားတဲ့ နည်းလေးတွေပါ။

ခုပြောခဲ့တဲ့နည်းတွေမှ မရရင်တော့ proxyနဲ့ကျော်ကြည့်ပေါ့လေ။ တစ်ချို့ proxy ကျတော့လည်း ၀ယ်မှရတာဆိုတော့ မ၀ယ်နိုင်တဲ့လူတွေအတွက် ဒုက္ခများပါတယ်။ အဲဒီတော့ မိမိမ၀ယ်နိုင်ရင် ခုပြောပြခဲ့တဲ့ နည်းစနစ်လေးတွေနဲ့ သုံးကြည့်ကြပါ။ကိုထက် ကတော့ ခုဖော်ပြခဲ့တဲ့နည်းစနစ်လေးတွေရှာဖွေအသုံးပြုခဲ့တာ အဆင်ပြေပါတယ်။ ကော်နရှင်အား လုံးဝကျမှသာလျှင် ဖွင့်မရတာပါ။ ကော်နရှင်နည်းနည်းလေးရှိရင်တော့ အနည်းဆုံး gtalk တော့ ကျော်ဝင်လို့ ရပါတယ်။

သယ်ရင်းတို့ကိုလေးစားလျှက် ကိုထက်

USB Thief


အခုခေတ်မှာ USB stick နှင့် အချက်အလက်များ password များကို ခိုးနေတဲ့သူများ ရှိကြပါတယ် . အဲ့တော့ ကျွန်တော်တို့အနေနဲ့ ကွန်ပျူတာကို keylogger များ ရန်မှ ကင်းဝေးပြီ ဆိုတာနဲ့ပဲ မိမိ password များကို အခိုးခံရမှုအတွက် စိတ်ချရသွားပြီလို့ မထင်လိုက်ပါနဲ့ . အခုတစ်နည်းနဲ့လဲ အခိုးခံသွားရ နိုင်ပါတယ် . အခုနည်းက usb stick ကနေ တစ်ဆင့် မိမိ အချက်အလက်များကို ယူသွားနိုင်ပါတယ် . နံပါတ်(၂) USB thief ဆိုတဲ့ program လေးဟာ ပေါ့ပေါ့ပါးပါးလေးပါ . ဒါပေမယ့် မိမိရဲ့ အချက်အလက်များကို ခဏလေးနဲ့ ခိုးယူနိုင်တဲ့ program တစ်ခုပါ . USB တစ်ချောင်းကို ကွန်ပျူတာထဲ ထိုးထည့်တာနဲ့တင် အဲ့ဒီ့ကွန်ပျူတာမှာ သုံးတဲ့ password မှန်သမျှဟာ အကုန်လုံး အဲ့ဒီ့ usb stick ထဲကို ရောက်ပါတယ် . browser ကနေ website များကို ၀င်သမျှ username and password အားလုံးက အဲ့ဒီ့ stick လေးထဲကို ရောက်သွားပါတယ် . အဲ့ဒါကြောင့် ဆိုင်တွင် ကွန်ပျူတာ သုံးမည့်သူများ သိထားသင့်တာက မိမိကွန်ပျူတာသုံးတော့မယ်ဆိုရင် အဲ့ဒီ့ကွန်ပျူတာမှာ usb stick များ မိမိမသုံးခင် ထိုးထားမထားကို စစ်ဆေးပါ . တွေ့ရင် ဖြုတ်ပစ်ကြပါ . ဆိုင်ရှင်များကလဲ မိမိက အသုံးပြုသုအပေါ်ကို ရိုသေတယ် ၊လေးစားတယ်ဆိုရင် မိမိကွန်ပျူတာမှာ usb stick များကို မထိုးနိုင်အောင် အခုဒီ aio tool ထဲမှာပါတဲ့ usb stick remover များထဲက တစ်ခုခုနှင့် ပိတ်ထားပါ . stick ထိုးသုံးချင်တဲ့သူ လာရင် အဲ့ဒီ့ stick ကို စစ်ဆေးပြီးမှ အသုံးခံပါ . ဒါဟာ မိမိက မိမိဆိုင်မှာ လာသုံးမည့် customer များကို take care လုပ်လိုက်တာပါပဲ . လာသုံးမည်သူများရဲ့ stick ကို ဖွင့်ပြီးတော့ usb thief program ထည့်ထားမထား စစ်ဆေးပေးပါ . စစ်ဆေးလို့တွေ့ရင် ဖျက်ပစ်လိုက်ပါ . နောက်ရက်မှာ တစ်ခုချင်းစီရဲ့ အသုံးဝင်ပုံကို ပြန်ရှင်းပေးပါ့မယ် .

အသုံးဝင်ပုံကို အင်္ဂလိပ်လို ဖတ်ချင်သူများ ဒီမှာ ဖတ်လို့ရပါတယ် .
  1. USB to Ethernet Connector v2.4
  2. USB Thief
  3. USB Copy Notify v1.3.3
  4. USB Safely Remove v.3.31.617
  5. Password Protect USB v3.6.2
  6. USB Smart Samsung Tool v1.12
  7. ID USB Lock Key v1.2.2
  8. USB Tolls info / Contents

ကဲ အပေါ်ကဟာတွေထဲမှာ program ရှစ်မျိုးရှိပါတယ် . (no.2)USB thief ကတော့ 2009 ခုနှစ်ထုတ်ပါ . USB stick နှင့် အချက်အလက်များကို ခိုးယူတဲ့ program တစ်ခုပါပဲ . နောက်ထပ် ရှိပါသေးတယ် . အလျင်းသင့်ရင် သင့်သလို တင်သွားပေးပါ့မယ် . တစ်ခြား program တွေကတော့ သိတဲ့အတိုင်းပါပဲ usb stick များ မိမိ pc မှာ လာထိုးလို့မရအောင် usb port များကို lock ချထားမယ်မယ် . ပိတ်ထားမယ် . ကဲ သုံးကြည့်လိုက်ပါ . အသုံးပြုနည်းကိုတော့ ရေးမပေးတော့ပါဘူး . သုံးတတ်မယ်လို့ မျှော်လင့်ပါတယ် . လွယ်ပါတယ် သုံးကြည့်ပါ .

တစ်ခုခုလုပ်မယ်ဆိုတိုင်း ခံရတဲ့သူနေရာမှာ ကိုယ့်ရဲ့ ညီလေးတွေ ညီမလေးတွေကို မြင်ယောင်ကြည့်ပါ .


password = www.nyinaymin.com

်Here To Download.

http://up4vn.com/f=nvcfowxc8

http://www.megaupload.com/?d=DG4LKC9S

http://depositfiles.com/en/files/jh5ot5q76

http://www.mediafire.com/?2zydulxmzhz

http://ifile.it/0hd48t1/AIO_USB_Utilities__8_In_1_.rar

ကိုညီနေမင်းဆိုဒ်မှ ကူးယူတင်ပြပါသည်

www.nyinaymin.org

Gtalk မှာဘာတွေပြောထားလဲသိချင်ရင်

အင်တာနက် အကြောင်းပြောမယ်ဆိုရင်~~~

ဂျီတော့အကြောင်းလေးတော့ပါမှ ပြည့်စုံသွားမှာပါ။

ဂျီတော့ ကို လူကြီးတွေလည်းသုံးသလို လူငယ်တွေလည်း အသည်းစွဲပါ( ကျနော်ကိုယ်တိုင်လည်းပါမယ်ထင်တာပဲ.. :P )

နည်းပညာတိုးတက်လာတဲ့နောက်မှာ အန္တရာယ်ဆိုတာလည်း ကပ်ပါလာတတ်တာမို့ မိဘတွေအနေနဲ့

ကိုယ့်သားသမီးလမ်းမှားမရောက်အောင် သူတို့ အင်တာနက်မှာ ဘာတွေသုံးပြီးဘာတွေပြောနေကြနေ

တယ်ဆိုတာ သိဖို့လိုအပိပါတယ်…

ဒီတော့ မိဘတွေအနေနဲ့ ကိုယ့်သားသမီးတွေ ဂျီတောခ့်ထဲမှာ ဘာတွေပြောနေတယ်ဆိုတာသိနိုင်မဲ့

ဆော့ဝဲလ်တစ်ခုကို ပြောပြပေးချင်ပါတယ်

ဆော့ဝဲလ် အမည်က IMBossw Gtalk Sniffer လို့ခေါ်ပြီး http://www.imbosstech.com/products.htm မှာ အခမဲ့ ရယူနိုင်ပါတယ်။

ဒါကို အသုံးပြုမယ်ဆိုရင် ပထဦးဆုံးအနေနဲ့

ကိုယ်စစ်ဆေးချင်တဲ့ ကွန်ပျုတာမှာ Install လုပ်ဖို့လိုပါတယ်

Install လုပ်ပြီးသွားပြီဆိုရင် ကွန်ပျုတာ စတတ်တာနဲ့ ဆော့ဝဲလ်က စပြီး အလုပ်လုပ်ပါလိမ့်မယ်…

ဒီဆော့ဝဲလ်ကို ကွန်ပျူတာထဲမှာ ထည့်ထားမှန်းမသိစေချင်ဘူးဆိုရင် hot key တွေကိုလည်း ကိုယ်ကြိုက်သလိုစကားဝှက်ပေး

ထားနိုင်သလို ကွန်ပျုတာမှာရှိတဲ့ Task Manager မှာလည်း ဖျောက်ပေးထားနိုင်တာမို့ အသုံးပြုသူတွေအနေနဲ့အလွယ်တကူမသိနိုင်ပါဘူး.

ဒီဆော့ဝဲလ်လေးက တပ်ဆင်ထားတဲ့ ကွန်ပျူတာမှာ ပြောသမျှ စကားအ၀င်အထွက်တွေကို သိမ်းဆညိးမှတ်တမ်းတင်ထားနိုင်မှာဖြစ်ပြီး

မှတ်တမ်းတင်ထားတာကိုလည်း HTML နဲ့ Excel ဖိုင်တွေအဖြစ် Report ထုတ်ပေးနိုင်မှာပါ

အဲံဒီတော့ ဒီဆော့ဝဲလ်လေးကို အသုံးပြုလို့ ကိုယ့်ရဲ့ သားသမီးတွေ အနေနဲ့ ဘယ်လိုအကြောင်းအရာတွေ့ကို ပြောနေကြတယ်ဆိုတာ

ကို လျှို့ဝှက်ပြီး စောင့်ကြည့်နိုင်ပါတယ်.

ဒီဆော့ဝဲလ်ေးလကို အကျိုးရှိရှိ အသုံးပြုရင် ကောင်းပေမဲ့ တလွဲအသုံးပြုမယ်ဆိုရင် တစ်ပါးသူရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ထိခိုက်နိုင်တာမို့

သတိထားပြီး သုံးစွဲသင့်ပါတယ်.ဒါပေမဲ့ ဘယ်အရာပဲဖြစ်ဖြစ် အကျိုးရှိအောင်အသုံးချနိုင်ရင် အကျိုးရှိတာပဲမို့

မသိလိုက်မရှိရအောင် ဖော်ပြလိုက်ပါတယ်။


သယ်ရင်းများအားလုံးကို လေးစားလျှက် ကိုထက်

PS ဖြင့်ခဲခြစ်ပုံလေး လုပ်ရအောင်

သယ်ရင်းတို့အတွက် ခဲခြစ်ပုံစံလုပ်တဲ့ Effect ဟာ .. အသင့်သုံးအနေဲ့ website တွေအကူအညီနဲ့ လုပ်နိုင်ပေမယ့်လည်း .. ကျွန်တော်တို့တွေက Photoshop ရဲ့ သဘောတရားများကိုသင်တာဖြစ်ပါတယ် .. ကျွန်တော်က Photoshop ရဲ့ သဘောတရားတွေကို သိစေချင်တာအဓိကပါ .. သဘောတရားတွေသိမှ ဖန်တီးနိုင်မှာဖြစ်ပါတယ် .. ခဲခြစ် effect ဆိုပေမယ့် .. ဒီလိုမျိုးလေးလုပ်လိုက်ရင် .. ဒီလို result ရတယ်ဆိုတာကို သိစေချင်တာပါ .. ပြောတာများသွားပြီထင်တယ် .. စကြစို့ ..

ပထမဆုံး ပုံလေးတစ်ပုံဖွင့်လိုက်မယ် .. အဆင်ပြေတဲ့ ပုံဖွင့်လို့ရပါတယ် ..

ပြီးရင် CTRL+J နှိပ်လိုက်ပါ .. ( Duplicate လုပ်လိုက်တာပါ (သို့) layer copy လုပ်လိုက်တာပါ )

ဒါဆိုရင် အောက်မှာပြထားသလို layer နှစ်ခုဖြစ်သွားပြီပေါ့


အပေါ်က ကော်ပီ layer ကို Blend Mode မှာ color dodge ပြောင်းလိုက်ပါ ..

ဒီလိုလေးပေါ်ပါမယ် ...

ှုImage Menu / adjustments / Invert ( Ctrl+I ) နှိပ်လိုက်ပါ ပြီးသွားရင် အဲ့ဒီ layer မှာပဲ Filter Menu / Blur / Gaussian Blur ကိုရွေးပြီးအဆင်ပြေသလို ချိန်ပါ ..

ခုဆိုရင် တော်တော်လေး နီးစပ်လာပါပြီ .. အခုကာလာတွေ ကျန်နေသေးတဲ့ အတွက် color ကို ဖျောက်ပါမယ် ... ဒါကြောင့် layer control box ထဲက Create New Adjustment Layer Button လေးကိုနှိပ်လိုက်ပါ .. အဲ့ဒီထဲက Hue/Saturation ကိုယူပါမယ် ..

ပြီးသွားရင် အောက်မှာပြထားတဲ့ အတိုင်း saturation ကို တစ်ဆုံးလျှော့လိုက်ပါ ..

ပြီးသွားရင် .. ခဲခြစ်ထားတာလေးက သိပ်မပေါ်လို့ Curve ကို ကစားပါမယ် .. layer control box ထဲက Create New Adjustment Layer Button လေးကို နှိပ်ပြီး Curve ကိုရွေးလိုက်ပါ .. အဆင်ပြေသလိုပေါ့ .. ဒါဆိုအောက်မှာပြထားတဲ့ အတိုင်းလေး ပေါ်လာပါပြီ ..

ဘေးနားက တစ်ခြားမလိုအပ်တဲ့ နေရာတွေကိုလည်း Bursh Tool ( White Color ) ရွေးပြီး ချယ်လိုက်ပေါ့ဗျာ .. ဒါဆိုရင် .. ပြီးပါပြီ ...


သယ်ရင်းများအားလုံးအဆင်ပြေကြပါစေ

အားလုံးကိုလေးစားလျှက် ကိုထက်

Digital-Make up( PS ဖြင့်ဖန်တီးကြရအောင် )

အခု တင်ပြမယ့် နည်းတွေက လွယ်ကူးပြီးတော့ .. မြန်ဆန်တဲ့နည်းတွေပါ.. တစ်ခြားနည်းတွေ သူငယ်ချင်းတွေ သိချင်သိထားနိုင်ပေမယ့် .. ဒီနည်းတွေထက်တော့ မြန်မယ်မထင်ဘူးဗျ .. ကဲစမယ်နော် .. ပထမဆုံးပုံလေးတစ်ပုံ

ဖွင့်လိုက်ပါပြီ ..

ပထမဆုံး မျက်လုံးကို အရောင်ပြောင်းပြမယ် .. သူက သုံးဆင့်တည်းပါ ..

၁. Elliptical Tool နဲ့ မျက်လုံးနေရာတွေ ကို select ပေးမယ်

၂.Blend Mode မှာ Color ကိုရွေးမယ် ..

၃. မလိုအပ်တဲ့နေရာတွေကို Eraser Tool နဲ့ဖျက်မယ် ..

ကဲပထမဆုံး layer ( Ctrl+Shift+N ) အသစ်တစ်ခုခေါ်လိုက်ပါ .. နောင်တစ်ချိန်မှာ shortcut မ၀င်ခဲ့ရင် CTRL+SHIFT တစ်ချက်နှိပ်ပါ ။ ကျွန်တော် Elliptical Tool ကိုယူပြီးတော့ .. မျက်လုံးနေရာကို select ပေးပါမယ် .. ( selection သုံးတဲ့အချိန်မှာ selection ကို ရွှေ့ချင်ရင် .. space bar နှိပ်ပြီး ရွှေ့လို့ရပါတယ် ... )

selection ပေးပြီးသွားရင် Foreground Color မှာ ကြိုက်တဲ့ ( အဖြူအမဲမှလွဲလို့ ) အရောင်ရွေးပြီး Ctrl+Backspace နဲ့ အရောင်ခြယ်လိုက်ပါ .. ခုလိုလေးပါ ...

နောက်တစ်ဖက်ကိုလည်း ဒီတိုင်းပဲခြယ်ပါမယ် .. အဲ့ဒီ layer ပေါ်မှာပါပဲခင်ဗျာ ...

ပြီးသွားရင် Blend Mode ထဲမှာ Color လို့ပြောင်းလိုက်ပါ ...

ပြီးသွားရင် အဲ့ဒီ layer ကိုပဲ ကလစ်ချပြီး active ဖြစ်အောင်လုပ်မယ် .. ပြီးရင် Image Menu / Adjustments / Hue-Saturation ကို ရွေးပြီး လိုချင်တဲ့ Color ရအောင်ယူပါမယ် ... Saturation လျှော့မယ် .. Brightness လျှော့ပါမယ် ..

ပြီးသွားရင် ပုံကိုသေသပ်သွားအောင် .. မလိုအပ်ပဲ အရောင်ပေနေတဲ့ နေရာလေးတွေကို Eraser Tool နဲ့ ပြန်ဖျက်ပါမယ် .. ဒါကြောင့် Eraser Tool ကို ယူပြီး Right Click ထောက်လိုက်ပါ .. ခုလိုပြင်လိုက်ပါ

အဲ့လို မလိုတာလေးတွေဖျက်ထုတ်ပြီးသွားရင် .. ခုလိုမျိုးလေး မျက်လုံးအရောင်ပြောင်းတာပြီးသွားပါပြီ ။

ပြီးသွားရင် နှုတ်ခမ်းနီဆိုးတာပြောပြမှာပါ .. မျက်လုံးအရောင်ပြောင်းတာနဲ့ အတူတူပါပဲ ...

၁. Layer အသစ်တစ်ခု ထပ်ခေါ်ပြီး Blend Mode မှာ Color ပြောင်းပါ ။

၂. Brush Tool နဲ့ အရောင်တစ်ခုခုယူပြီး နှုတ်ခမ်းပေါ်ခြယ်ပါ ။

၃. မလိုတဲ့ နေရာလေးတွေကို Eraser Tool နဲ့ ပြန်ဖျက်ပါ ။

အခု layer နောက်ထပ်တစ်ခုထပ်ခေါ်လိုက် ပြီး Blend Mode မှာ Color ပြောင်းလိုက်ပါပြီ ။

ပြီးတော့ ကျွန်တော် .. Color ထဲက ကြိုက်တဲ့ တစ်ရောင်ရောင်ကို ယူပြီး Brush Tool နဲ့ ခြယ်လိုက်ပါမယ် ...

ပြီးရင် မလိုအပ်တဲ့ နေရာလေးတွေကို Eraser Tool နဲ့ဖျက်မှာပါ ..

သူကတော့ သဘောတရားနည်းနည်းလိုပါတယ် .. ဖျက်တဲ့ အခါ Opacity နှစ်မျိုးနဲ့ ဖျက်ရမှာပါ .. ပထမဦးဆုံး လုံးဝအတိဖျက်မှာဖြစ်တဲ့ အတွက် Opacity 50% ထားပြီးတော့ အရင်ဖျက်လိုက်ပါ ...

ဒါပေမယ့် နှုတ်ခမ်းအစွန်းနေရာလေးတွေက နှုတ်ခမ်း အလယ်နေရာတွေလိုပဲ အရောင်ကတူနေပါတယ် .. တစ်ကယ်ဆို အဲ့နေရာက အရောင်ပါးရမှာပါ .. ဒါကြောင့် နှစ်ထပ်ဖျက်တာဖြစ်ပါတယ် ..

အဲ့လို ကာလာတွေစွန်းပေနေလို့ .. နောက်တစ်ခါ Eraser Tool နဲ့ပဲ Opacity 20% ထားပြီး အနီဝိုင်းပြထားတဲ့ နေရာလေးတွေကို ထပ်ပြီးဖျက်ပါမယ် ..

ဒီလိုလေးရလာပါပြီ ။

ဒါဆိုရင် နှုတ်ခမ်း အရောင်ဆိုးတဲ့ ကိစ္စကလည်း ပြီးသွားပါပြီခင်ဗျ ...

အခုနောက်ဆုံးအနေနဲ့ .. ပါးနီလေးဆိုးပြပါမယ် ... သူလုပ်ရမယ့် အဆင့်တွေကတော့ ..

၁. Brush Tool ( ဆိုဒ်ကိုပိုကြီးမယ် ) ယူပြီး ခုနက အရောင်နဲ့ပဲ ပါးပေါ်မှာချယ်ပါမယ် ။

၂. Blend Mode မှာ Multiply ပြောင်းပါမယ် ။

၃. Opacity ကို လျှော့ချပစ်မယ်။

ကဲ ပထမဆုံး ကျွန်တော်တို့ Layer နောက်တစ်ခုထပ်ခေါ်ပါဦး .. ပြီးသွားရင် Brush Size ကို အခုလိုပြင်ပါမယ် ..

ပြီးသွားရင် Opacity 50% လောက်ထားပြီး ခုလိုခြယ်လိုက်ပါတယ် ..

အမလေး .. သရဲရုပ်ဖြစ်သွားပြီ ။ အဲ့ဒါကြောင့် Blend Mode မှာ Multiply လုပ်ပြီး Opacity ကိုလည်း တော်တော်လျှော့ချလိုက်ပါမယ် .. အောက်ကလိုပေါ့ ..

ဒါဆိုရင် နောက်ဆုံးမှာတော့ .. ခုလို ချစ်စရာကောင်းတဲ့ ပုံလေးရလာပါမယ် .. ( ဆက်ရန်ရှိသေးသည် )


အဆင်ပြေပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ

အားလုံးကိုလေးစားလျှက် ကိုထက်

သယ်ရင်းတို့လေ့ကျင့်ပြီးရင်လဲ ကျွန်တော့်ကို ပုံနှင့်တကွ ကွန်မန်းလေး ပြန်ပေးခဲပါ

Photo Scape Setup V3.5

Photo Scape Setup V3.5


ဒီကောင်လေးကလည်း ပိုတိုရှော့နီးနီး ဓာတ်ပုံများကိုပြုပြင်နိုင်ပါတယ်။ဓာတ်ပုံဝါသနာရှင်များအတွက်သာမက ပရော်ဖက်ရှင်နယ်

သမားများပါ အသုံးပြုနေတာပါ။ဖရီးလို့ ပင်မထင်ရအောင် စုံလင်လှသော လုပ်ဆောင်အထူးပြုလုပ်ချက်များ ပါဝင်ပါတယ်။

အောက်မှာ ဒေါင်းရန်လင့်လေးပေးထားပါတယ်ခင်ဗျာ

အဆင်ပြေပါစေ


ဒီနေရာလေးမှာယူပါ။

M Autorun Killer2.1 Smart

M Autorun Killer2.1 Smart


ဒီကောင်လေးကတော့ မိမိစက်အတွင်း USB /CD /DVD ချပ်များမှ၎င်း အခြားဒေါင်းလော့ဖိုင်များတွင်၎င်း ပါလာသော Autorun

ဖိုင်ဖြင့်ထည့်သွင်းပေးလိုက်သောဗိုင်းရပ်များအား ရှင်းလင်းပေးနိုင်ပါတယ်။စက်အတွင်းထည့်ထားသင့်ပါတယ်။

အောက်မှာဒေါင်းရန် လင့်လေးပေးထားပါတယ်

ဒီနေရာလေးမှာ ယူပါ။

Destop ပေါ်ကနေ အလွယ်တကူ Mail ပို့ကြရအောင်

သယ်ရင်းတို့ G-mail ကိုလဲဖွင့်စ၇ာမလိုပဲ Mail Sender and Flooder လေးသုံးပြီး

မိမိတို့၇ဲ့ Destop ပေါ်မှနေပြီးအလွယ်တကူမေးလ်ပို့လို့၇ပါတယ်.. G-Mail တွေဘာတွေ

လဲဖွင့်စ၇ာမလိုတော့ပဲ Mail Sender and Flooder လေးသုံးပြီးအလွယ်တကူပို့လို့၇

တယ်ဆိုတော့ Connection မကောင်းလို့ G-Mail တောင်ဖွင့်ဖို့အဆင်မပြေတဲ့အချိန်မှာအ

ေ၇းကြီးတဲ့မေးလ်တွေပို့ချင်တယ်ဆို၇င်တောင်ဒီကောင်လေး၇ှိနေတော့အဆင်ပြေသွားတာ

ပေါ့ဗျာ..။

သုံး၇တာလဲအ၇မ်းလွယ်ပါတယ်..။၇ိုး၇ိုးလေးပါပဲ..။မြန်မာဖောင့်လဲသုံးလို့၇ပါတယ်.။

စာ၇ိုက်နေတဲ့အချိန်မှာတော့မိမိ၇ိုက်နေတာတွေကမြန်မာလိုပေါ်မှာမဟုတ်ပါဘူး..။ဒါပေမယ့်

မိမိပို့ချင်တဲ့သူဆီကိုမေးလ်ဝင်သွားတဲ့အခါမှာတော့မြန်မာလိုပေါ်ပါတယ်..။စမ်းကြည့်ပြီးသွား

ပါပြီ..။ကျွန်တော်သုံးကြည့်ချင်သူများအတွက်ပြန်ပြီး၇ှယ်ပေးလိုက်တာပါ..။အောက်မှာအဆင်

ပြေတဲ့လင့်လေးကနေသာဒေါင်းသွားလိုက်ပါ..။

Download

Downloading From Ifile.it

http://ifile.it/14u0pzf/Mail%20Flooder.rar

Downloading From Ziddu

http://www.ziddu.com/download/15328009/MailFlooder.rar.html



- Copyright © ဘူကြီး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -