Showing posts with label မြန်မာ Desing fonts. Show all posts

Myanmar OS PC အကြောင်း

HV -  မြန်မာစာသုံး ကွန်ပျူတာ စက်လည်ပတ်မှုတစ်ရပ် သာလွန်လင်းနစ် Myanmar OS ယနေ့တွင်ထွက်ရှိပြီး အခမဲ့ဖြန့်ဝေနေသည်ဟု သိရသည်။    
သာလွန် မြန်မာ OS
သာလွန်ဆိုတာ မြန်မာ့သမိုင်းထဲက standardization ကို နားလည် တန်ဖိုးထားတဲ့ မြန်မာဘုရင် သာလွန်မင်းကြီးရဲ့ အမည်ကို ယူထားတာပါ။ သာလွန်ဆိုတာ မြန်မာလိုအသုံးပြုနိုင်တဲ့ Operating System တစ်ခုဖြစ်ပါတယ်။ သာလွန် OS မှာ ပါဝင်တဲ့ application တွေဟာ မြန်မာလိုမြင်ရအောင် Myanmar L10nteam မှ ကူညီပံ့ပိုးပေးထားတာ ဖြစ်ပါတယ်။ မည်သူမဆို အခမဲ့ Download ရယူသုံးစွဲနိုင်ပါတယ်”ဟု သာလွန် အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
၎င်းအစီအစဉ်ကို လပေါင်းများစွာကစိတ်ကူးပုံဖေါ်ခဲ့ပြီး အဓိကဦးစီလုပ်ဆောင်နေသူမှာ solveware solution မှ ကိုငွေထွန်း ဖြစ်သည်။
သာလွန် OS ကို ပြည်တွင်းပြည်ပရှိ မြန်မာစာသုံး ကွန်ပြူတာ လည်ပတ်မှုစနစ်တစ်ခု ဖြစ်ပေါ်လာရေးအတွက် ထောက်ခံအာပေးသူများ စုပေါင်းကာ လွန်ခဲ့သော မေလက စတင်ခဲ့ကြပြီး အောက်တိုဘာ ၁၇ ရက်နေ့တွင် အစမ်းသုံးဖြန့်ဝေခဲ့ရာ ယနေ့ ၁၁၊ ၁၁၊ ၁၁ ရက်နေ့မှာ ဗါရှင်းအပြည့် အခမဲ့ဖြန့်ဝေနေသည်။ ဤနေရာ တွင်ရယူနိုင်ပါသည်။
လင်းနစ်အသုံးပြုနေသူ မောင်းဖိုးကြည်ကတော့ သာလွန် မြန်မာလင်းနစ်နှင့် ပတ်သက်ပြီး “ဗမာလိုဖြစ်သွားတာ သုံးရတာ အဆင်မပြေတာတွေတော့ရှိတယ် ဥပမာပြောရရင် package တွေသွင်းရတာ အဆင်မပြေဘူး၊ source file တွေက ဗမာလိုနားမလည်ဘူး manual install မှ အဆင်ပြေမယ် သာမာန် အသုံးပြုသူတွေအနေနဲ့ကတော့ နည်းနည်းကွကျတယ် ကြိုးစားထားတာဂုဏ်ယူဖို့ကောင်းတယ် လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး” ဟု ပြောသည်။
သာလွန် OS ဘာသာပြန်မှုဆိုင်ရာများကို Myanmar L10N Group (Myanmar Localization Group) က အဓိက ကြိုးပမ်းလုပ်ဆောင်ပေးခဲ့ပြီး သာလွန် OS  ရှိ မြန်မာဘာသာပြန်ဆိုမှုများအတွက် မြန်မာ Open Source Developer များ အသိုင်းအဝိုင်းတစ်ခု ဖြစ်လာစေရန် ရည်ရွယ်သည့် Libre Works ၏ ပံ့ပိုးကူညီမှုဖြင့် Myanmar L10N Group (Myanmar Localization Group) က ကြိုးပမ်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
Myanmar L10N Group သည် မြန်မာစာသုံး ကွန်ပြူတာ စက်လည်ပတ်မှုစနစ် ဖြစ်မြောက်ရေးအတွက် ပြည်တွင်းပြည်ပရှိလူငယ်များ စုဖွဲ့လုပ်ဆောင်နေသော အသိုင်းအဝိုင်းတစ်ခု ဖြစ်သည်။
သာလွန် OS မှာ ပါဝင်သော ဖေါင့်စာလုံးမှာ Unicode ကို အခြေခံထားပြီး မြန်မာစာသာမက တိုင်ရင်းသားစာပေများဖြစ်ကြသည့် မွန်၊ ရှမ်း၊ ကရင် ဘာသာတို့ကို rendering လုပ်ယူနိုင်ပြီး၊ Linux TharLon OS မှာသာမက Window OS ၊ အခြား Linux နှင့် Mac OS X တွေမှာလဲ Rendering အလုပ်လုပ်သည်။ ၄င်ဖေါင့်ကို ရှမ်းတိုင်းရင်းသား စိုင်းဒီဒီဇွန်က ရေးဆွဲပေးခဲ့ခြင်းဖြစ်သည်။ (၄င်းဖေါင့်စာလုံးများအား ရယူနိုင်ပါသည်။ (http://code.google.com/p/tharlon-font/)
သာလွန် စက်လည်ပတ်မှုစနစ်သည် ဦးဘွန်တုလင်းနက်(စ်) ကို အခြေခံထားသော မြန်မာကွန်ပျူတာစနစ် (OS) တစ်ခုဖြစ်သည်။ မြန်မာတို့နှင့် ဆီလျော်အောင် ပြုပြင် မွမ်းမံ ပြန်ဆိုထားသော် မူကွဲတစ်မျိုးလည်းဖြစ်ပါသည်။ သာလွန်သည် အများပိုင်ကွန်ပျူတာစနစ်တစ်ခုဖြစ်ပြီး စေတနာ့ဝန်ထမ်း အိုင်တီလုပ်အားပေးများ စုပေါင်းလုပ်ဆောင်ထားကာ အကန့်အသတ်မဲ့ လွတ်လပ်စွာ အခမဲ့ ရယူ၊ သုံးစွဲ၊ ပြန်လည်ဖြန့်ဝေနိုင်သည်ဟု သိရသည်။
ယခုထုတ်လုပ်ခဲ့သော သာလွန်လင်းနစ် OS သည် ကွန်ပျူတာစက်လည်ပတ်စနစ်တွင် မြန်မာစာဖြင့်အသုံးပြုမှုအတွက် ပထမဆုံးစတင်တီထွင်မှုလည်း ဖြစ်သည်။

Android ဖုန်းများတွင်မြန်မာဖောင့်ထည့်သွင်းနည်း


မည်သည့် စမတ်ဖုန်း(Android ) မဆို မြန်မာဖောင့်ကို အလွယ်တကူ ထည့်သွင်းနိုင်ပါပြီ..။
ဒီနည်းကို myomyanmar.net မှ ကူးယူဖေါ်ပြပါသည်။ ကျွန်တော့် ဖုန်းမှာ SKY Vega-X ပါ.။
ဒီနည်းအတိုင်း အစဉ်ပြေသွားပါတယ်။ တခြား သူငယ်ချင်းဖုန်းတွေလဲ ဒီနည်းနဲ့  လုပ်ပေးခဲ့ ပါတယ်။

ဒီထည့်သွင်းမယ့် နည်းလမ်းတွေအတွက် အင်တာနက်ချိတ်ဆက်ပြီးဖုန်းတွေမှာ ကွန်ပျုတာ
တောင် မလိုအပ်ပဲ တိုက်ရိုက် ထည့်သွင်းနိုင်သလို အင်တာနက် ချိတ်ဆက်ထားခြင်းမရှိတဲ့
Phone တွေကတော့ လိုအပ်တဲ့ Software တွေကို Download ရယူပြီး SD Card ဒါမှမဟုတ်
ကွန်ပျုတာကနေ တဆင့် ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့အောက်ကလိုအပ်တဲ့ apps package တွေကို ဒီမှာ ဒေါင်းလိုက်ပါ ။

z4root 1.3, FontChangerLite_v1.8.5 ,
MyanDroid-Soft-Keyboard-Zawgyi-Beta , Zawgyi.ttf

ပြီးရင် စက်ကို Root လုပ်ပေးရပါမယ်။
Root လုပ်ဖို့အတွက် ဒေါင်းထားတဲ့ package ထဲက Z4root ကို install လုပ်ပါ။

install ပြီးရင်တော့ Software ကိုဖွင့်ပါ။
Permanent Root ဆိုတာကို ရွေးပါ။

(အဲဒီအဆင့်မှာ USB debugging ဆိုတာကို ON ထားဖို့အတွက် Application setting ကိုရောက်
သွားပါလိမ့်မယ်၊ Application setting မှတဆင့် Development ထဲမှာ USB debugging ကို On
ပေးလိုက်ပါ )

ဒါပီးရင်တော့ Z4root ကိုပြန်ဖွင့်ပီး Permanent Root ကို ပြန်ရွေးပါ။
ဒါဆိုရင်တော့ သူ့ ဘာသာ အလုပ်လုပ်ပြီး reboot လုပ်သွားပါလိမ့်မယ် ။

ပြန်တက်လာရင်တော့ ဒေါင်းထားတဲ့ package ထဲက FontChangerLite_v1.8.5 ကို သွင်းပါ ။
fontChanger ကိုသွင်းပြီးရင်တော့ SDCard ထဲမှာ ” .fontchanger ” ဟူသော folder တခုတွေ့ 
ပါလိမ့်မယ်။

ဒေါင်းထားတဲ့ package ထဲက Zawgyi.ttf ကို ” .fontchanger ” ထဲကိုသွားထည့်ပေးရပါမယ်။
fontchanger folder ကိုမြင်ရဖို့အတွက် AndExplorer လိုမျိုး file manager တခုတခုနဲ့ ဖွင့်ရပါမယ်
ထည့်ပြီးရင်တော့ FontChanger ကိုဖွင့်ပါ။ Zawgyi ဆိုတာတွေ့ ပါလိမ့်မယ် ၊
Zawgyi ကို ဖိထားလိုက်ပါ Set Zawgyi ဆိုပီး prompt တခုပေါ်လာပါမယ်
အဲမှာ Apply ကိုရွေးပေးရပါမယ်။Reboot now ထပ်ရွေးလိုက်ပါ။
ဒါဆိုရင်တော့ အားလုံးနီးပါး ပြီးပါပြီ။

စက်ပြန်တက်လာရင်တော့ ဒေါင်းထားတဲ့ package ထဲက MyanDroid-Soft-Keyboard-
Zawgyi-Beta ကို install လုပ်ပါ။
သွင်းပြီးရင် Setting ထဲက Language & keyborad ထဲမှာ MyDroid Soft Keyboard ကို
select ပေးလိုက်ပါ။
အခုဆိုရင် သုံးလို့ရနေပါပြီ၊ သုံးဖို့အတွက် Notepad ထဲဝင်ပြီး စမ်းသပ်နိုင်ပါတယ်။
notepad ကိုဖွင့်ပါ (menu => Add note ) နဲ့ note တခုခေါ်ပီး စာရိုက်တဲ့နေရာကို ဖိထားလိုက်ပါ။
Input Method ဆိုပီးပေါ်လာပါလိမ့်မယ်။ အဲဒီမှာ MyanDroid Soft Keyborad ကို ရွေးလိုက်ပါ။

Myanmar Fonts

သယ်ရင်းတို့အတွက် မြန်မာဖောင့်ဒီဇိုင်း မျိုးစုံကို ကျွန်တော်တင်ပေးလိုက်ပါတယ်ခင်ဗျာ
အဆင်ပြေရင်တော့အောက်မှာဒေါင်းနိုင်ပါတယ်ခင်ဗျာ


Burmese Fonts Download

Zawgyi Font and Keyboard Installation

အားလုံးကိုကျေးဇူတင်လျှက် ကိုထက်

မြန်မာfont Desing မျိုးစုံ



နေရာစုံမှာ အသုံးတည့်တဲ့ ဖောင့်တွေလို ဆိုရပါမယ်။ မဂ္ဂဇင်းစာအုပ်တွေ၊ ဂျာနယ်တွေမှာလည်း တော်တော် သုံးစွဲနေကြပါတယ်။ လူတိုင်းရဲ့ ကွန်ပျူတာတိုင်းမှာ ရှိသင့်သလို ကွန်ပျူတာတိုင်းမှာလည်း ရှိနေကြမှာပါ။ လိုရမယ်ရ ဖော်ပြပေးလိုက်ပါတယ်။ Download လုပ်ယူပါ။

- Copyright © ဘူကြီး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -