GOM Media Player(Can Play All Media)

ဒီတစ်ပတ် Window 7 စနစ်ကွန်ပျူတာအသုံးပြုသူတွေအတွက် အသုံးဝင်မယ့် ဆော့ဖ်ဝဲတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ ( ဖြည့်စွက်ချက်... window 7 မှမဟုတ်ပါ window အားလုံးနဲ့အဆင်ပြေပါတယ် .. ကျွန်တော်လည်း အဲ့ဒါပဲသုံးနေတာပါ .. )
ပြည်တွင်းမှာရရှိနိုင်တဲ့ ဒီဗွီဒီအခွေတွေကို အလွယ်တကူကြည့်ရှုနိုင်ဖို့ Window 7 အသုံးပြုသူတွေအနေနဲ့ အခက်အခဲဖြစ်ရပါတယ်။
32bit ၀င်းဒိုးစနစ်ကနေ Windows Vista လို့ခေါ်တဲ့ 64bit စနစ်အထိ ပြောင်းလဲသွားပြီး အလားတူ Windows 7 ပေါ်ထွက်လာတာ ကြောင့် Third party software တီထွင်မှု စွမ်းရည်အရည်အသွေးမြှင့်ဖို့ အချိန်ကာလလိုအပ်နေပါတယ်။
ဒီလိုလိုအပ်မှုကြောင့် အလွယ်တကူရရှိနိုင်မယ့် ဆော့ဖ်ဝဲတွေကို မသုံးသင့်ပါဘူး။
ဘာကြောင့်လဲဆိုတော့ နောက်ကွယ်က ဓားနဲ့ထိုးခံရမယ့် လုံခြုံရေးဆိုင်ရာ ဟာကွက်ပျော့ကွက်တွေကို ထိခိုက်စရာဖြစ်နိုင်ပါတယ်။
ကွန်ရက်လုံခြုံဖို့ အတွက် အသုံးပြုသင့်တဲ့ ဆော့ဖ်ဝဲတွေကတော့ Open source တွေသာဖြစ်ပါတယ်။
Open source ဆော့ဖ်ဝဲတွေ အများကြီးထဲက KM Player ဟာ ပြည်တွင်း Windos 7 အသုံးပြုသူအတွက် သင့်တော်သလိုရှိပေမယ့် လိုအပ်ချက်တွေရှိနေပါတယ်။
ဒါကြောင့်မို့ Windos 7 အသုံးပြုသူတွေအတွက် DVD Player တွေနဲ့ ပတ်သက်ပြီး အချိန်ကုန်မခံဘဲ အသုံးပြုနိုင်မယ့် ဆော့ဖ်ဝဲလေး တစ်ခုကို ဖော်ပြလိုက်ပါတယ်။
အင်တာနက်လိပ်စာ http://www.gomlab.com/eng/GMP_download.html မှာ အခမဲ့ရယူနိုင်ပြီး အသုံးပြုမှုလွယ်ကူတာကြောင့် အသေးစိတ်ကို မဖော်ပြတော့ပါဘူး။
News Pic

Gmail,Yahoo!,Hotmail,အကောင့်ဖျက်နည်း

အကြောင်းအမျိုးမျိုးကြောင့် google,yahoo နဲ့ hotmail account တွေ ဖျက်သိမ်းချင်ပါသလား..အဲဒီ ဆားဗစ်တွေဟာ ပြန်ဖျက်သိမ်းခွင့် ပြုထားကြပါတယ်။ မသုံးချင်တော့လို့ ဖျက်လိုက်တာဟာ account စောင့်ကြည့်ရမယ့်ဒုက္ခ ကင်းဝေးပြီး အကျိုးရှိစေမယ့် အီးမေးလ်များလာမှာ မစိုးရိမ်ရတော့ပါဘူး။
ကြော်ငြာ၊spam၊news letter တွေ ဒီ account ကို ဆက်လာနေရင် online traffic ဖြစ်စေပါတယ်။ ဒါကြောင့်
ကိုယ့်ကိုမထိခိုက်ပေမယ့်
အသုံးမလိုတော့တဲ့ account တွေဆို ဖျက်လိုက်ကြပါစီု့....

Hotmail ကိုပိတ်မယ်ဆိုရင် http://hotmail.msn.com/cgi-bin/accountclose?fti=yes ဒီလင့်မှာ login ၀င်ပြီး close my account ကို click လုပ်ရပါမယ်။

http://g.msn.com/0HEMSN_HOTMAIL_PIMV10ENUS9/10014 ဒီလင့်က login ၀င်လည်းဖြစ်တယ်။

နောက်တစ်နည်းက ပုံမှန် login ၀င်မယ်။ web page ရဲ့ ညာဘက် အပေါ်ဒေါင့်မှာ close ကို ရှာမယ်။ Close account link မှာ click လုပ်ပြီး close account page က ပိတ်သိမ်းနိုင်ပါသေးတယ်။

Yahoo ကတော့ https://login.yahoo.com/config/login?.slogin=&.intl=us&.src=&.bypass=&.partner=&.done=https%3a//edit.yahoo.com/config/delete_user&pkg=&owd=&rl=1ယ္ခုလင့်က login ၀င်ရမယ်။ ပြီးရင် နောက်webpageမှာ password ထပ်ဖြည့် secure code ဖြည့်ပြီးရင် terminate this account yes ပေါ့။
Yahoo က ဒေတာဖျက်သိမ်းဘို့ ရက်90 စောင့်ပါတယ်။ Premium account ဆို ပြက္ခဒိန်နှစ် 3နှစ်စောင့်ပေးတယ်ဆိုပါတယ်။

Google ကတော့ account login ၀င်ပြီး myaccount\myproducts\edit\close account ကိုအဆင့်ဆင့် သွားပြီး google ရဲ့ မလိုတော့တဲ့ ဆားဗစ်တွေရွေးရပါမယ်။ Account တစ်ခုလုံးအတွက်ဆို ဆားဗစ်အားလုံးရွေးချယ်ပြီး password ပြန်သွင်းကာ activate answer နှစ်ခုကို အမှန်ခြစ်ရွေးပြီး delete နှိပ်ရင် ပြီးပါပြီ။

သတိပြုရမှာက သက်ဆိုင်ရာ account တွေမှာ service တစ်ခုထက်ပိုလုပ်ထားရင် data backup ကြိုလုပ်ထားရန် မမေ့ဘို့ပါ။


Hard Disk Space များများရအောင်


ကွန်ပျူတာ တစ်လုံးမှာ hard disk ရဲ့ လုပ်ဆောင်မှု့ ဟာ အရေးပါလှပါတယ် မိမိရဲ့ hard disk မှာ free space နည်းနေရင် ကွန်ပျူတာ လုပ်ဆောင်မှု့ နှေးလာခြင်း၊ program များ run ရာတွင် ကြန့်ကြာခြင်းတို့ ဖြစ်ပေါ်လာလေ့ရှိပါတယ်…. Window တစ်ခု စတင် လိုက်တဲ့ အခါကတည်းက default disk setting ကို
Waste capacity ကို များစွာပေးထား တာပါ ကျွန်တော် တို့က အဲဒီမလိုအပ်တဲ့ wasted capacity ကို လျှော့ချ လိုက်ခြင်း အားဖြင့်
free space များများရရှိအောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်..
လုပ်ဆောင်ရမဲ့ အဆင့်နည်းနည်းများပါတယ်.. တစ်ဆင့်ခြင်းကို သေသေချာချာ လုပ်ဆောင် သွားရင် လွယ်လွယ်လေးပါ
ပထမဆုံး my computer ကို ဖွင့်ပါ Local disk :C ရဲ့ properties မှာ used space , free space
ဘယ်လောက်ရှိတယ် ဆိုတာကို မှတ်သားထားလိုက်ပါ ဒါမှသာ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှု့ဟာ အကျိုးသက်ရောက် မှု့ရှိမရှိ ကို သိရှိနိုင်မှာ ပါ ..
မှတ်သားပြီးသွားရင်တော့
၁။ Start Menu , Control Panel မှ Power options ကို click ပါ
ကျလာတဲ့ Power options properties dialog box မှ Hibernate tab ကို ထပ်ပြီး click လိုက်ပါဦး
ပြီးရင် Enable Hibernation ဆိုတဲ့စာကြောင်းလေးကို uncheck လုပ်ပြီး Apply , Ok ပေးပါမယ်..
၂။ Run box မှာ sysdm.cpl လို့ရိုက်ထည့်ပြီးတော့ enter ခေါက်ပါ
ရရှိလာတဲ့ system properties dialog box မှ System Restore tab ကို ထပ်ပြီး click ပါမယ်
Available drivers : အောက်က ( C ) ကို select ပေးပြီး settings button ကို click ပါမယ်
Device Settings ဆိုတဲ့ box တစ်ခုထပ်မံ ကျရောက်လာတာ ကို တွေ့ရမှာပါ
Disk space to use: အောက်မှာ မူလက 12 % ( 6132 MB ) ရှိရာမှ
3 % ( 1386 MB) သို့ လျှော့ချလိုက်ပါမယ်.
ပြီးရင် Ok ပေးပါ..

၃။ Start Menu , Internet explorer ကို open ရပါမယ်
Menu bar မှ tools , Internet options ကို click ပါ
Delet files ကို ထပ်မံ click ပါမယ် alert box တက်လာပါမယ် ..
Delete all offline content ဆိုတဲ့ စာကြောင်းကို check ပေးပြီး Ok ပေးပါ
၎။ Delete files button ရဲ့ ညာဘက်ဘေးက settings ကို click ပါမယ်
Amount of disk space to use : စာကြောင်းအောက်က box ထဲမှာ မူလက
474 MB ပေးထားတာကို 50 MB လို့ ပြင်ရိုက်ပြီး OK ,OK………..
နောက်ဆုံးအဆင့်ကတော့ shift+delete နဲ့ ဖျက်မထား မိလို့ Recycle Bin ထဲက
မလိုအပ်တဲ့ ဖိုင်တွေကို right click ထောက်ပြီး Empty Recycle Bin လုပ်ပါမယ်
ပြီးပါပြီဗျာ My computer ထဲ က Disk C မှာ free space ဘယ်လောက်တိုးလာ
သလဲဆိုတာ စစ်ဆေးကြည့်လိုက်ပါဦး………
အနှစ်ချုပ်ကတော့..


• Recycle Bin: Default 10 % dropped to 1%
• Hibernation:Default ON ( for notebooks) switched OFF
• Internet explorer: Default 474 MB dropped to 50 MB
• System Restore: Default 12% dropped to 1% (~ 1 GB)

သင့်ရဲ့Password ကိုHackerတွေဘယ်လိုခိုးယူကြလဲ?ဘယ်လိုကာကွယ်မှာလဲ

ဒီပို့စ်ကို ရေးဖို့စဉ်းစားရပါတယ်ဗျာ .. ဟက်ကာလုပ်မယ့်သူတွေကတော့ တင်းကြမှာပဲနော့ .. ကျွန်တော်အရင်တုန်းက သူများ Gtalk ကို ဟက်တာသိချင်တယ်ဆိုပြီး .. ရှာဖူးပါသေးတယ် .. ပြီးသော Virus ရေးနည်းတွေတောင် ကျွန်တော့် Group မှာတင်ခဲ့သေးတယ် .. ကျွန်တော့်ရည်ရွယ်ချက်ကတော့ .. Virus ဆိုတာဘယ်လိုရေးတယ်သိစေချင်လို့ပါ .. ခုနောက်ပိုင်း ကျွန်တော့်သူငယ်ချင်းတွေ အဟက်ခံနေရတာများလာတော့ .. ကျွန်တော်လည်း ၀မ်းနည်းလာတယ် .. ခင်ဗျားတို့ သိမ်းထားတဲ့ Gmail ထဲက ဖိုင်လေးတွေ .. မေးလ်လေးတွေ ပါသွားရင် ဘယ်လိုခံစားရမလဲနော် .. ဒါကြောင့် ကျွန်တော်သိသလောက် ဘယ်လိုကာကွယ်မလဲဆိုတာလေး .. ရေးချလိုက်ပါတယ် ..

ပထမနည်း ( တစ်ခါမှ မပို့ဖူးတဲ့သူက မေးလ်ပို့ခဲ့ရင် မဖွင့်နှင့် )

မေးလ်ပို့ ပြီး ခင်ဗျားတို့ password ကို ယူမယ့် program ကို ခင်ဗျားတို့ ကိုယ်တိုင်နှိပ်ချင်လာအောင် လုပ်တဲ့နည်းပါ .. ဒါကြောင့် ဂျီမေးလ်စစ်တဲ့အခါ .. ကိုယ်နဲ့မသိတဲ့သူတစ်ယောက်ယောက် ( ကိုယ့်ကိုမေးလ်တစ်ခါမှ မပို့ဖူးတဲ့သူ ) က ပို့လာရင် ဖတ်လို့တော့ရပါတယ် . အထဲက ဘာကိုမှမနှိပ်ပါနဲ့ ပြန်ထွက်လိုက်ပါ ..
password ကို ခိုးမယ့် ဖိုင်ဟာ သီချင်း ( SONG + Hack Program ) ဒါမှမဟုတ် .. Software တစ်ခုခုဖြစ်နိုင်ပါတယ် .. နောက်ပြီး link လေးတွေလည်း ဖြစ်နိုင်ပါတယ် .. ( ဥပမာ ဟိုမော်ဒယ်လ်ရဲ့ ဟိုကားကြည့်ချင်ရင် ဒီကိုနှိပ် . ပြီးတော့ ဟိုကားမကြည့်ရပဲ .. password ပါသွားမယ် . သဘောတရားပြောတာပါ )

ဒုတိယနည်း ( remember password မလုပ်နှင့် )

ဒါကတော့ ခင်ဗျားတို့တွေ Gtalk သုံးရင် remember မှာ အမှန်လေးတစ်ခါတစ်လေ ပျင်းလို့ ခြစ်မိရင် .. ခင်ဗျားတို့ရဲ့ password ကို computer က မှတ်သွားမှာပါ .. အဲ့ဒီ Password တွေက Mozilla ထဲရောက်သွားပြီး .. hack မယ့်သူကရှာနိုင်ပါတယ် .

. နောက်ပြီး website တစ်ခု မှာ Member ၀င်တဲ့အခါ .. remember password လုပ်မလားမေးရင် မလုပ်နဲ့ပေါ့ ပိတ်လိုက်ပါ



တတိယနည်း ( အင်တာနက်ဆိုင်မှာသုံးရင် key logger ၀င်မ၀င်စစ်ပါ )

တတိယနည်းကတော့ keylogger software ကို ခင်ဗျားသုံးမယ့် စက်မှာ ကြိုတင်ပြီး run ထားတာပါ .. အဲ့ဒီ software က ခင်ဗျား key board မှာရိုက်သမျှကို မှတ်ပေးနေမယ် .. ခင်ဗျား ၀င်သမျှ website တွေကိုလည်း မှတ်ပေးနေမှာပါ .. ဒီတော့ကာ အဲ့ဒီ software လေး run ထားလား မ run ထားလားသိအောင်လုပ်ရမပါ .. ဒီအပိုင်းကိုတော့ အမေ့သား နေလင်းဖြိုးရဲ့ blog ကနေကူးပြီးဖော်ပြလိုက်ပါတယ် ..
Ctrl+Shift+Esc ( or) Ctrl+Atl+ Del နဲ့ Task manager ကို ခေါ်လိုက်ဗျာ ..။ Process ဆိုတဲ့ tab ကို နှိပ်ပြီးmsdts.exe ဆိုတာကို လိုက်ရှာကြည့်ဗျာ ။ ရှိတယ်ဆို keylogger သုံးထားလို့ပေါ့ ။ အမြန် သာ click နှိပ်ပြီးEnd process ပေးလိုက်ပေတော့ ။ အဲဒါဆိုရင်တော့ keylogger ကို ကာကွယ်နိုင်ပြီ ဖြစ်ပါတယ်။

အကောင်းဆုံးနည်းလမ်းကတော့ taskmanager မှာရှိတဲ့ process tab ထဲမှာရှိနေတဲ့ကောင်တွေထဲက ကိုယ်သုံးမယ့် gtalk လောက်ပဲအိုကေထားပြီးကျန်တာတွေကို disable သို့မဟုတ် end processပေးလိုက်တာပါပဲ…ဘာလို့ဆို ရိုးရိုး ယူဆာတွေ အနေနဲ့က ဘယ်လိုဖိုင်လ်က အချက်အလက်တွေကို ရီကော့ လုပ်တာလဲဆိုတာ မသိနိုင်တော့ အန္တရာယ်ကင်းဘေးရှင်း အားလုံးကို end process လုပ်ပြီး ကိုယ်သုံးတဲ့ကောင်ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံးပါပဲ။
အားလုံးပဲ Hacker ရန်မှကင်းဝေးကြပါစေ.
ကျန်တာတွေကို..ကျွန်တော့ဆွေးနွေးချက်တွေထဲမှာလာရောက်အားပေးဖတ်ရှူ့ လို့ရပါတယ်နော်
စိတ်နှလုံးချမ်းမြေ့ ကြလို့ ..ပညာသည်တွေဖြစ်ကြပါစေဗျာ.....

( အခုလိုမျိုးရေးခဲ့တဲ့ ကိုနေလင်းဖြိုးကိုလည်း ကျေးဇူးတင်လျှက် )

hacker = ကွန်ပျုတာဖြင့်မိမိနှင့်မသက်ဆိုင်သောအခြားကွန်ပျုတာမှအချက်အလက်များကိုရယူနှောင့်ယှက်သည်။

ကောင်းတဲ့ hacker တွေလည်းရှိပါတယ် .. ဆော့ဝဲလ်တွေကိုပိုကောင်းသွားအောင်လုပ်တာတို့ Gmail သုံးရမြန်အောင်ဟက်တာတို့ Mozilla Speed မြန်အောင်ဟက်တာတို့ပေါ့

Password ပဲ လိုက် hack ပြီး ရန်စမရှိပဲ သူများဒုက္ခလိုက်ပေးနေရင်တော့ .........
သူခိုး

သူခိုး

သူခိုး

( password ခိုးနည်းကို သင်ယူလိုသောသူများကို မဆိုလိုပါ .. သင်ပြီး လိုက်ခိုးနေသောသူများကို ဆိုလိုပါသည် .. )



သယ်ရင်းတို့ကိုကျေးဇူးတင် လေးစားလျှက်ပါ အပေါင်သား

Gtalk မှလိုတရ အိုးလေး

လိုတရအိုးလေးနဲ့ မိတ်ဆက်ခွင့်ရတာ ဝမ်းသာပါတယ်ဗျာ ။ ဒါလေးက ကျွန်တော် ရှာတွေ့ထားတဲ့ အရာလေးတွေထဲက တစ်ခုဗျာ ။ ဟီး နာမည်က လိုတရအိုးဆိုတော့ နှစ်လုံးထီတော့ မတောင်းပါနဲ့နော် ။ တန်းခိုးတွေ ကွယ်ကုန်မှာ စိုးလို့ ။ ဆက်ပြောကြည့်မယ်....အဲဒီကောင်လေးကို မိမိစိတ်ကူးထဲမှာ ရှိတာလေးကိုမေးကြည့်လို့ရတယ် ။မိမိစိတ်ကူးရှိရင် ရှိသလောက် မေးတတ်ဖို့လိုမယ် ။ ရှင်းရှင်းဖြစ်ဖို့တော့ လိုမယ် ။ မြန်မာလိုဆိုလိုလည်း မိုက်ပါတယ် ။ မိမိစိတ်ကူးထဲက ရှိတဲ့ စကားလုံးကို ရိုက်ပြီးတော့ ရှာခိုင်းကြည့်လို့ရတယ် ။ အဓိက တစ်ခုတော့ သူပြောပြမယ် ။ ကျန်တာတွေအတွက်တော့ သိမ်းကြုံးပြီးတော့ ပြောပြလိမ့်မယ် ။ ကျွန်တော်ကတောင် လန်ဒန် မိုးလေဝသ သတင်းကို မေးလိုက်သေးတယ် ။

ထိုင်းကိုမေးတော့ မရဘူး ဟီး ။ ထိုင်းစကားတော့ တတ်ပုံမရဘူး ။ မြန်မာလိုတော့ မွေလို့ရတယ် ။ ကျွန်တော်ကတော့ ထုံးစံအတိုင်း www.decembermgmg.co.cc ကို ရိုက်ထည့်လိုက်တာ ။ ဒီလိုလေးပေါ်လာတယ်ဗျာ ။
အဲဒါလေးကို သူက ပြန်ပြောပြတယ်။ ကျန်တာတွေကိုတော့ သူအကျဉ်းချုံးပြီးတော့ ပြောပြပါတယ် ။ http://m.google.com/u/A_b8NM ဆိုပြီးတော့ အဲဒီစာလေးကို နိပ်လိုက်တာနဲ့ Google မှာ www.decembermgmg.co.cc ရှာရိုက်သလိုပဲ တက်လာတယ် ။ အံဖွယ်လေးပဲ ။ စာဖတ်သူတို့လည်း သဘောကျမယ် ထင်ပါတယ် ။ သဘောကျတယ် ဆိုရင်တော့ Add လိုက်ပါ ။ khunpan258@gmail.com အဲမှားလို့ တမင်သက်သက်ကိုမှားတာ ဟီး ။ guru@googlelabs.comပါ ။ အက်လိုက်တာနဲ့ တစ်ခါတည်း တန်း မီးစိမ်းနေပါလိမ့်မယ် ။ အားကျမခံနဲ့ တစ်ခါတန်းပီး မေးပစ်လိုက် ။ ရင်ထဲက စကားလုံးတွေကိုပေါ့ ။ ကျွန်တော်လိုမျိုး ထိုင်းမှာနေပြီါ်တော့ လန်ဒန်မိုးလေဝသကိုတော့ မမေးပါနဲ့နော် :D

Internet Download Manager 5.07 Build 9



Internet Download Manager အသစ်အသစ်တွေသုံးချင်တဲ့ကျွန်တော့သူငယ်ချင်းများအတွက် ပြန်လည်SHARE ပေးလိုက်ပါတယ် အဆင်ပြေပါစေလို့လဲမျှော်လင့်မိပါသည်။ သုံးသူ သရင်းတွေအတွက်အောက်မှာ ဒေါင်းလုပ်လင့်လေးတွေ ပေးထားပါတယ် ကလစ်ကလေး 1ချက်နှိပ်ပြီး သင်ကိုယ်တိုင်ပိုင်ဆိုင်နိုင်ပါစေ




Download ziddu | Download ifile.it | Download mediaifre | Download zshare | Download megaupload

Windows 7 အတွက် Defreeze 7




တောင်းဆိုထားတဲ့ ညီလေးတွေရှိလို့ပါ . နောက်ဆုံးထွက်လေး ရှာပေးထားပါတယ် . window 7 နဲ့ ကိုက်မယ့်ဟာလေးပေါ့ . အထဲမှာ ၂ မျိုးပါပါတယ် . တစ်မျိုးနဲ့ အဆင်မပြေရင် နောက်တစ်မျိုးနဲ့တင်ပါ. key ချင်းမတူပါဘူး. ဒီနေ့နည်းနည်းအားနေတော့ တစ်ခုတော့ပြောပြချင်ပါတယ် . မနေ့ကလဲ ကောင်လေးတစ်ယောက်က မေးလို့ပါ. defreeze ကြောင့် ပျက်သွားတဲ့ ဖိုင်တွေကို back up လုပ်လို့ရ သလားတဲ့. ပေါက်ပေါက်ရှာရှာ မေးတတ်တယ် . လုံးဝမရပါဘူး. မရတဲ့အကြောင်းကို ရှင်းပြပါ့မယ်. Defreeze ဆိုတာက HDD ကို lock ချလိုက်တဲ့ program ပါ . ကွန်ပျူတာ system အားလုံးအပါအ၀င် HDD တစ်ခုလုံးကို Lock ချလိုက်တာပါ. C:/ and D:/ နှစ်ပိုင်းမှာ ကိုလိုချင်တဲ့အပိုင်းကို Lock ချလို့ရပါတယ် . အဓိကက C:/ ကို ချတာများပါတယ် . ဘာလို့လဲဆိုရင် software, window system တွေ Driver တွေအားလုံးကို C:/ ထဲမှာ အားလုံးသိမ်းထားတဲ့ အတွက်ကြောင့်ပါ. ဟုတ်ပြီ အဲ့ဒါဆိုရင် ကွန်ပျူတာဖွင့်တဲ့အချိန်မှာ ကျွန်တော်တို့ defreeze ကို ပိတ်ထားရဲ့သားနဲ့ program တွေကို ဘာလို့ Install လုပ်လို့ရပြီး ကွန်ပျူတာ ပိတ်လိုက်ရင် ဘာလို့ပျောက်သွားတာလဲလို့ မေးစရာရှိပါတယ် . ကွန်ပျူတာဖွင့်နေတဲ့အချိန်မှာ တင်သမျှ program နဲ့ လုပ်ဆောင်ချက်အားလုံးကို DHH(ဟက်ဒစ်) ထဲကနေ အလုပ်လုပ်ပြီး save လို့မရပါဘူး. အဲ့အချိန်မှာ လုပ်သမျှအလုပ်အားလုံးက Ram ပေါ်ကနေ အလုပ်လုပ်နေတာပါ. Ram ဆိုတာက virtual memory ပါ. မီးပေးထားရင် အလုပ်လုပ်နိုင်တယ်. မီးပျက်သွားရင် ram ပေါ်မှာ တင်ထားသမျှ အရာအားလုံးက ပျက်သွားမှာပါ. အဲ့တော့ ဘာလို့ restart ကျသွားရင် program တွေကို ဘယ်လိုပဲလုပ်လုပ် defreeze က ကာကွယ်ထားတာကြောင့်မို့ ကွန်ပျူတာရဲ့ Defreeze install လုပ်ပြီး program ကို ပိတ်ထားတဲ့အချိန်မူလအတိုင်း ပြန်ရောက်သွားရတာပါ. Defreeze ကို window 7 အတွက် အဆင်မပြေသူများအောက်မှာ Download လုပ်လိုက်ပါ. ဟိုတစ်ရက်ကမေးတဲ့ညီလေးလဲ အခုလောက်ဆိုရင် နည်းနည်းလောက် နားလည်သွားပြီလို့ထင်ပါတယ်. အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်.




ကိုညီနေမင်း ဆီမှတိုက်ရိုက် SHARE ထားပါသည်။
ဒေါင်းလုပ်လင့်လေးတွေပေးထာပါတယ်



Download mirrorcreator

Download Mediafire | Download ifile.it | Download megaupload | Download zshare | Download rapidshare | Download hotfile | Download ziddu | Download easy-share | Download depositfile | Download filesinic | Download wupload

- Copyright © ဘူကြီး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -