ဆရာဦးဇော်လင်း ရေးသော ကွန်ပျူတာအကြောင်းအသေးစိတ် (မြန်မာ)


စာရေးသူ :>> ဆရာဦးဇော်လင်း (Youth Computer)
စာအုပ်အမည် :>> ကွန်ပျူတာအကြောင်း အသေးစိတ်သိစရာ ဆိုတဲ့ စာအုပ်လေးပါ ..

ကွန်ပျူတာအကြောင်း အသေးစိတ်သိလိုသူများအတွက်ပါ .. ဘယ်စာအုပ်ပဲဖြစ်ဖြစ် ကိုက သိသလိုလိုရှိပေမယ့် တစ်ကယ်ဖတ်ကြည့်မှ မသိသေးတဲ့ အကြောင်းတွေ ဖြစ်နေတတ်ပါတယ် . အောက်မှာ အဆင်ပြေတဲ့ Link ကနေ Download လုပ်ယူလိုက်ပါ ...



Download megaupload ၊ Download ifile.it ၊ Download rapidshare ၊ Download mediafire ၊ Download 4 shared

တစ်ချို့ဖိုင်တွေက passwrod တောင်းရင် www.nyinaymin.net ကိုသာဖြည့်လိုက်ပါ အဆင်ပြေပါလိမ့်မယ်

ဦးအေးကို B.A (Electronec) အကောင်းဆုံးကွန်ပျူတာပြုပြင်နည်း


ဦးအေးကိုကို B.E (Electronics)ရေးတဲ့ အကောင်းဆုံး ကွန်ပျူတာ ပြုပြင်ခြင်း အခြေခံနည်းစနစ်နှင့် တကယ့်လက်တွေ့ပြုပြင်ခြင်း မှတ်တမ်းများ ဆိုတဲ့ စာအုပ်ကလေးပါ .. အရမ်းကို တန်ဖိုးရှိပါတယ် . အခုတင်ပေးတဲ့ စာအုပ်တွေဟာ hardware ပိုင်းကို စိတ်ဝင်စားတဲ့ ညီအစ်ကိုမောင်နှစ်မများအတွက် ရည်ရွယ်ပါတယ် . ကျွန်တော်ကိုယ်တိုင်လဲ hardware ပိုင်းကို အရမ်းစိတ်ဝင်စားသလို တစ်ကယ်လဲ လက်တွေ့လုပ်ခဲ့ပါတယ် . အခုစာဖတ်တဲ့ သူငယ်ချင်းတွေထဲမှာတောင် ကျွန်တော်နဲ့ အပြင်မှာ တစ်ကယ် ပတ်သက်ခဲ့ဖူးတဲ့သူတွေ ရှိကောင်းရှိနေမှာပါ . နောက်ပိုင်း ကျွန်တော် hardware နဲ့ပတ်သက်ပြီး ကျွန်တော်တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံလေးတွေကို ပြောပြသွားပါ့မယ်

အခုတော့ တင်ပေးထားတဲ့စာအုပ်လေးတွေကို အားပြုပြီး Download လုပ်သွားကြပါဦး . Hardware နဲ့ software ပိုင်းမှာ ဘယ်ဟာက ပိုခက်လဲလို့တော့ မမေးပါနဲ့ . နှစ်ခုလုံးဟာ ခက်ခဲကြတာပါပဲ . ကျွန်ပျူတာကို ဘယ်လိုကိုင်တွယ်မယ် . ဘယ်လိုပြဿနာတွေကို ဖြေရှင်းမယ်ဆိုတာဟာ ပုံသေနည်းမရှိသလို . တသမတ်တည်း မကျပါဘူး . ဦးနှောက်နဲ့ စဉ်းစားဆုံးဖြတ်ရတဲ့ အလုပ်တစ်ခုဟာ hardware ပါပဲ . ဒီစာအုပ်လေးကို လိုချင်တဲ့သူများ အောက်မှာ Download လုပ်လိုက်ကြပါ .. ကျွန်တော့်ကို ခင်တယ်ဆိုတဲ့သူငယ်ချင်းများအားလုံး အခုအချိန်မှာ ကွန်ပျူတာ hardware ပဲဖြစ်ဖြစ် software ပိုင်းပဲဖြစ်ဖြစ် တစ်ကယ်ကို စိတ်ဝင်စားတယ်ဆိုတဲ့ ညီအစ်ကိုများ မေးမြန်းနိုင်သလို ကျွန်တော် အတတ်နိုင်ဆုံး ကူညီပေးသွားမှာပါ. လက်လှမ်းမှီ သလောက်ပေါ့ . ဒါပေမယ့် တစ်ခါတည်း စကားတစ်ခုတော့ ကြိုတင်ပြီး တောင်းပန် ထားချင်ပါတယ် . ကျွန်တော့်ကို ခင်တယ် ချစ်တယ်ဆိုရင် . ဘယ်တော့မှ hacking နဲ့ပတ်သက်တာတွေ မမေးဖို့နဲ့ . သူများမေးလ်တစ်ခုရဲ့ passward ကို ဘယ်လိုရယူရမလဲဆိုတဲ့ မေးခွန်းမျိုးကို မမေးဖို့ ကြိုပြီး တောင်းပန်ထားချင်ပါတယ် . တစ်ခြားပတ်သက်တာတွေ မေးနိုင်မြန်းနိုင်ပါတယ် . သူငယ်ချင်းတို့လိုပဲ တစ်ချိန်က chatting ဆိုတာကို စိတ်ဝင်စားခဲ့တယ် . ပျော်ခဲ့တယ် . အခုအချိန်မှာ ကျွန်တော့်စိတ်ကူးထဲမှာ ကွန်ပျူတာတိုးတက်ဖို့နဲ့ ဒီ့ထက်ကျွမ်းကျင်ဖို့ဆိုတဲ့ စိတ်ကူးတစ်ခုတည်းပဲ ရှိတော့တာပါ . သူငယ်ချင်းတို့လဲ တန်ဖိုးမရှိတဲ့ chatting မှာ တစ်နေ့လုံးထိုင်ပြီး စကားပြောနေတာတွေကို ရပ်တန့်ပြီး နည်းပညာပိုင်းတွေဘက်ကို လိုက်ပြီးလေ့လာလိုက်ပါ . တိုးတက်လာပါလိမ့်မယ် . အချိန်မှီပါသေးတယ် . နည်းပညာဆိုတာ ပြီးပြည့်စုံသွားတယ်ဆိုတာ မရှိသလို . ပြီးစီးသွားတယ်ဆိုတာလဲ မရှိပါဘူး ..

Download ifile.it ၊ Download megaupload ၊ Download mediafire ၊ Download rapidshare ၊ Download 4shared

Floder တွေဖွင့်ရတာ ကြာနေရင်

WindowsXPမှာ Folderတွေ ဖွင့်တဲ့အခါ တစ်ခါတစ်လေ ကြာနေတတ်ပါတယ်။ မြန်ဆန်အောင် လုပ်တဲ့နည်းလေးပဲ ပြောပြလိုက်ပါမယ်။ Windows Xpသုံးနေတဲ့ သူငယ်ချင်းများ အဆင်ပြေ လွယ်ကူစေအောင်ပါ။ လုပ်နည်းလေးကတော့
1. My Computer ကိုဖွင့်လိုက်ပါ။
2. Menu bar မှာပါတဲပ Tools ကို Click လိုက်ပါ။
3. Folder option ကို Click လိုက်ပါ။
4. Folder optionထဲက View tab ကိုဝင်လိုက်ပါ။
5. View ထဲက Automatically search for network folders and printers ကိုအမှန်ခြစ်လေး ဖြူတ်ပေးလိုက်ပါ။ ပြီးရင် Apply >> OK ပေါ့။


ဒါဆိုရင်တော့ အတိုင်းအတာ တစ်ခုအထိ folder လေးတွေ ဖွင်တဲ့အခါမှာ မြန်မြန်ဆန်ဆန် ပွင့်လာမှာတော့ သေချာပါတယ်။ အားလုံးအဆင်ပြေပါစေ။

နောက်တစ်နည်း
1. Run Box မှ Regedit လို့ရိုက်ပြီး Registry ထဲရောက်အောင် သွားလိုက်ပါ။
2. Registry ထဲရောက်ရင် HKEY_LOCAL_MACHINE> System > CurrentControlSet > Control >Filesystem ထဲရောက်အောင် သွားလိုက်ပါ။
3. Filesystem ကိုရောက်ရင် Right Click ထောက်ပြီး New ကနေ DWORD Value အသစ်တစ်ခု တည်ဆောက်လိုက်ပါ။ မရှင်းရင် ပုံလေးကို ကြည့်ပေးပါ။


4. ညာဘက်မှာ New Value ဆိုပြီး အသစ်တစ်ခု ထပ်ပေါ်လာပါလိမ့်မယ်။ ပေါ်လာတဲ့ New Value #1 နေရာမှာ NtfsDisableLastAccessUpdate လို့အတိအကျ Rename ပေးလိုက်ပါ။


5. Rename ပေးထားတဲ့ နေရာလေးကို Double Click နှိပ်လိုက်ရင် တန်ဖိုးသတ်မှတ်ဖို့ Box လေးတစ်ခု ထပ်ကျလာပါလိမ့်မယ်။ Value ကို 0 ကနေ 1 ဆိုပြီး ပြောင်းပြီး သတ်မှတ်ပေးလိုက်ပါ။ ပြီးရင် OK ပေါ့။






အဆင်ပြေနိုင်ကြပါစေခင်ဗျာ

http://adf.ly မှ ဒေါင်းနည်း

ကျွန်တော် နောက်ဆိုရင် http://adf.ly/ ဆိုက်ကနေ link တွေကို ချိတ်ပေးသွားမှာဖြစ်ပါတယ် . ဘယ်လိုမျိုး Download ချရမလဲဆိုရင်တော့ လွယ်ပါတယ် . link တစ်ခုရလာပြီဆိုရင် အဲ့ဒီ့ webpage ရဲ့ ညာဖက်အပေါ်မှာ ပုံထဲကပြထားတဲ့အတိုင်း SKIP AD ဆိုတဲ့ အ၀ါရောင်စာသား လေးကို နှိပ်ပေးလိုက်တာနဲ့ Download လုပ်ရမယ့် ဆိုက်ကို ရောက်သွားပါလိမ့်မယ် . အားလုံးပဲ အဆင်ပြေပါစေလို့ မျှော်လင့်မိပါတယ် . (ပုံကြီးချင်လျှင် ကလစ်နှိပ်ပါ)

Utorrent File တွေကို ဒေါင်းနည်း

မိမိ ဒေါင်းချင်တဲ့ torrent ဖိုင်ကို ပထမဦးဆုံး ကိုသဘောကျတဲ့ Downloader တစ်ခုခုနဲ့ ဒေါင်းလိုက်ပါ . ဒေါင်းလိုက်ရင် ရလာမှာက ကျွန်တော်တို့ လိုချင်တဲ့ ဖိုင်မဟုတ်သေးပါဘူး . ပထမဦးဆုံး link တစ်ခုပဲ ကျလာမှာပါ . အဲ့ဒီ့ဖိုင်ကိုမှ ကျွန်တော်တို့က µTorrent ဆိုတဲ့ Downloader နဲ့ ပြန်ပြီးတော့ ဒေါင်းရပါတယ် . µTorrent နဲ့ ဘာ့ကြောင့်တင်ရတာလဲ ၊ နောက်တစ်ခုက ဘာ့ကြောင့် သုံးကြတာလဲဆိုရင် µTorrent နဲ့ဖိုင်တင်ရင် သူ့မှာ ဖိုင်တစ်ဖိုင်ထဲကို ကိုကြိုက်သလောက် တင်လို့ရပါတယ် . ဥပမာ 1GB ရှိတဲ့ဖိုင်ကို တစ်ခြားဆိုက်တွေမှာ တင်မယ်ဆိုရင် 100 MB (or) 200 MB ဒီလောက်အထိပဲ အတင်ခံပါတယ် . များရင် ခွဲပြီးတော့ တင်ပေါ့ . Torrent အနေနဲ့တင်မယ်ဆိုရင် တစ်ဖိုင်တည်းကိုပဲ 1GB ဆိုလဲ သူက လက်ခံတာပဲ .. ကဲ စမ်းကြည့်လိုက်ပါဦး . အင်တာနက်မှာ Torrent နဲ့တင်ထားတဲ့ ဖိုင်တွေကတော့ အများကြီးပါပဲ . တစ်ခြားလင့်တွေသာ တင်ထားတာ မတွေ့ရမယ် torrent ကတော့ အတော်များပါတယ် . http://www.utorrent.com/ ကနေ နောက်ဆုံးထွက်တဲ့ version ကို ဒေါင်းလိုက်ပါ . သူက Free ပါ ပိုက်ဆံပေးစရာမလိုပါဘူး . အပေါ်က ပထမဦးဆုံး ဒေါင်းလိုက်လို့ရလာတဲ့ဖိုင်ကို ကျွန်တော်တို့က Double click နှိပ်လိုက်တာနဲ့ သူက µTorrent နဲ့ တစ်ခါတည်းကို ဒေါင်းတယ် . Torrent နဲ့တင်ထားတဲ့ဖိုင်ကို µTorrent ကပဲ ဒေါင်းလို့ရပါတယ် . အခုကျွန်တော်တို့ သုံးနေတဲ့ Downloader နဲ့ အဆင်သိပ်မပြေနိုင်ပါဘူး . သဘောပေါက်မယ်လို့ထင်ပါတယ် .
µTorrent တော့ မဒေါင်းခင် တင်ထားဖို့လိုပါတယ် . မဟုတ်ရင် ရလာတဲ့ ပထမဖိုင်ကို Double click နှိပ်ရင်လဲ ဘာမှထူးမှာမဟုတ်ပါဘူး

ဒေါင်းလော့လုပ်နည်း
  • (၁) ပထမဦးဆုံး ကိုဒေါင်းချင်တဲ့ ဖိုင်ကို ကြိုက်တဲ့ Downloader နဲ့ဒေါင်းပါ . ဖိုင်တစ်ဖိုင် ကျလာပါလိမ့်မယ် .
  • (၂) ရလာတဲ့ဖိုင်ဟာ kb သာသာပဲ ရှိပါတယ် . အဲ့ဒီ့ရလာတဲ့ ဖိုင်ကို Double click နှိပ်လိုက်ပါ .
  • (၃) အခု µTorrent ထဲကို တစ်ခါတည်း သူသွားပြီး အဲ့ဒီ့ link ကို µTorrent က သိတာနဲ့ တစ်ခါတည်း Download အလုပ်ကို စလုပ်နေပါလိမ့်မယ်

မီးပျက်လဲ ကိစ္စမရှိပါ . ပြီးတဲ့နေရာကနေ ပြန်ဒေါင်းပါလိမ့်မယ် .
သူ့မှာ အခွင့်အရေးဘာရှိလဲဆိုရင် . ကိုဒေါင်းမယ့် Torrent ဖိုင်ရဲ့ speed ပါပဲ . ဖိုင်တိုင်းဖိုင်တိုင်းမှာ speed ချင်း မတူပါဘူး . speed နိမ့်တဲ့ ဖိုင်ကို ဒေါင်းရင် ကြာမယ် . speed မြင့်မြင့် ရှိတဲ့ဖိုင်ကို ဒေါင်းရင် မြန်မယ် . ကိုသဘောကျတဲ့ Link တိုင်းမှာ speed တစ်ခါတည်း ပါပြီးသားပါ . ပြီးတော့ ရှိပါသေးတယ် . အဓိကက ကိုသတိထားရမှာပေါ့ . ကို့အရင် ဘယ်နှစ်ဦးက ဒေါင်းထားပြီးပြီလဲ ဆိုတာကို လိုက်ရှာပြီးတော့ အများဆုံး ဒေါင်းတဲ့ link ကိုပဲ ဒေါင်းကြပါ . ဘာ့ကြောင့်လဲဆိုရင် လူများများဒေါင်းတဲ့လင့်ကသာ အဆင်ပြေနိုင်မယ့်အပြင် virus ကိုလဲ စိတ်ချရပါတယ် . ကျွန်တော်တို့ကသာ virus ပါပါ မပါပါ စိတ်မ၀င်စားပေမယ့် . နိုင်ငံခြားသားတွေကတော့ ဖိုင်တစ်ဖိုင်ကို ဒေါင်းမယ်ဆိုရင် သေချာမှ ဒေါင်းတာပါ . အဲ့ဒါကြောင့် သူတို့တွေ လူများများ ဒေါင်းတဲ့ဖိုင်ဆိုရင် အဆင်ပြေတာပေါ့ . တစ်ချို့ဖိုင်တွေက ဒေါင်းသာဒေါင်းတာ ဖိုင်က တစ်ဝက်နဲ့ ပျက်ကျတာနဲ့ ၊ အဆင်မပြေတာနဲ့နဲ့ တွေ့ရာလင့် တစ်ခုကို ဒေါင်းလိုက်ပြီးမှ အဆင်မပြေရင် ပင်ပန်းရကြိုးမနပ်ပါဘူး .

အားလုံးအဆင်ပြေကြပါစေဗျာ ..

RapidShare မှ ဒေါင်းနည်း


http://rapidshare.com/files/132506476/ConvDocPDFWordv350-smforum.net.rar.html အဲ့လိုမျိုး လင့်ကဆိုရင် rapidshare.com က ဒေါင်းရမှာပါ ...


(၁) အဲ့ဒီ့လင့်ကို address box ထဲမှာ ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ ..
(၂) ပုံ-၁ မှာ ပြထားသလို free user ကို ရွေးပါ ..
(၃) ပြီးလျှင် ခဏစောင့်လိုက်ပါ ... Download ချဖို့ လင့်ကျလာပါလိမ့်မယ် .. လွယ်ပါတယ် ..

File size 100 အထက်ဖိုင်တွေကို Upload တင်နည်း

အခုပြောပြချင်တဲ့အဓိကကတော့ fileflyer ဆိုက်လေးကို ကြောငြာပေးချင်တာပါ .. ဒီဆိုက်လေးက 1 GB အထိ ပို့ဖို့ လက်ခံထားပါတယ် .. မြန်မာပြည်မှာက နေရာတော်တော်များများမှာ ဖိုင်တင်ဖို့ခက်ခဲကြရတယ် .. gmail ကနေ ပို့ဖို့ဆိုတာကလဲ ဖိုင်ဆိုက် နဲနဲကြီးသွားရင် မရတော့ပြန်ဘူး ... အဲ့ဒီ့တော့ ကျွန်တော်တို့အနေနဲ့ မေးလ်သဘောမျိုးလဲ ဖြစ်သွားအောင် . ကိုတင်ပြီးသား ဖိုင်ရဲ့ download လင့်ကိုလဲ ပေးစရာမလိုအောင် ဘယ်လိုလုပ်မလဲဆိုရင် www.fileflyer.com ကနေ ဖိုင်ကို တင်ပြီးတစ်ခါတည်း ပို့ပေးလို့ရပါတယ် .. လုပ်နည်းကိုပြောပြပါ့မယ် ..

ပုံ(၁)
ပုံ(၂)


ပုံ(၃)

ပုံ(၄)



(၁) http://www.fileflyer.com ကို သွားလိုက်ပါ ..
(၂) ပုံ-၁ အတိုင်း လိုအပ်တာတွေကို ဖြည့်လိုက်ပါ ..
(၃) send ကို နှိပ်ပါ .. အားလုံးပြီးသွားရင် ပုံ-၂ အတိုင်း ဖိုင်ကို တင်နေတာတွေ့ရမှာပါ ..
(၄) ပုံ-၃ လို လင့်တစ်ခုရလာပါလိမ့်မယ် .. အဲ့ဒီ့ရလာတဲ့ လင့်လေးကို နှိပ်လိုက်ပါ ...
(၅) ပုံ-၄ လိုမျိုး download လုပ်လို့ရတဲ့ အခြေအနေကို မြင်တွေ့ရပါလိမ့်မယ် ..


အဆင်

- Copyright © ဘူကြီး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -