Posted by : Bugyi Saturday, June 18, 2011

>ကိုယ်က မဆက်သွယ်ချင်တော့တဲ့ လူကို ဂျီမေးလ်မှာ ဘလော့ (block) လုပ်ရုံသာမကဘဲ ကိုယ့်ဆီကို သူစာပို့လို့တောင် မရအောင် လုပ်လို့ရတယ်လို့ သိရတယ်။

>ရိုးရိုးဘလော့ဂ်လုပ်ရင် မေးလ်တွေပို့ပြီး ဆက်သွယ်နေဦးမယ်၊ ကိုယ်က လုံးဝမဆက်သွယ် ချင်တော့တဲ့ လူဆိုရင် ဘလော့ဂ်လုပ်တာထက် ဒီနည်းက ပိုကောင်းတယ်’လို့ ဧဒင်ဥယျာဉ် မြန်မာ ဆိုရှယ်ဆိုက်မှ တာဝန်ရှိသူတစ်ဦးက ပြောတယ်။

>(၁) ဂျီမေးလ်ကို ဖွင့်ထားပါ။


>(၂) မေးလ်ရဲ့ဘေးက (Contact) ကိုသွားပါ။အဲဒီမှာ ကိုယ့် ဂျီမေးလ်ထဲမှာရှိတဲ့ လူတွေအားလုံး ပေါ်လာပါမယ်။


>(၃) ကိုယ်ဖျက်ချင်တဲ့သူကို ရွေးပါ။


>(၄) ပြီးရင် (delete contact) ကိုနှိပ်ပါ။ အဲဒါဆိုရင် သည်လူက ကိုယ့်စာရင်းထဲမှာ မရှိတော့ဘူး။ ဒါပေမယ့် ဒါနဲ့တင်မရသေးဘူး။


>စာတွေဘာတွေ ပို့လို့ရသေးတယ်။ အဲသည်တော့ မေးလ် ကို (filter) လုပ်ရပါမယ်။


>အင်ဘောက်စ်ထဲမှာ ရောက်နေတဲ့ ကိုယ်လက်မခံချင်တဲ့သူရဲ့ စာကိုဖွင့်၊ ပြီးရင်စာရဲ့ ညာ ဘက်ထောင့် အပေါ်ဘက်က reply ကိုရှာ။


>ပြီးရင် ဘေးက မြားလေးကိုနှိပ်၊ ကျလာတဲ့ (box) ထဲက (filter message like this) ကိုရွေးပါ။ (Next step) ကိုရွေးပါ။


>နောက် ကိုယ်လက်မခံ ချင်တဲ့ အီးမေးလ် နောက်ထပ်လာခဲ့ရင် အလိုအလျောက် (delete) ဖြစ်သွားအောင် (delete it box) ကိုရွေးပါ။


>ပြီးရင် နောက်ဆုံးအဆင့် (create filter) ကိုနှိပ်ပါ။ ဒါဆိုရင်တော့ ကိုယ်မလို ချင်တဲ့ မေးလ်တွေကိုပါ ဖျက်ပစ်ပေးမှာဖြစ်ပါတယ်။

အားလုံးကိုကျေးဇူတင်လျှက် ကိုထက်

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ဘူကြီး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -