Posted by : Bugyi Thursday, September 29, 2011


မည်သည့် စမတ်ဖုန်း(Android ) မဆို မြန်မာဖောင့်ကို အလွယ်တကူ ထည့်သွင်းနိုင်ပါပြီ..။
ဒီနည်းကို myomyanmar.net မှ ကူးယူဖေါ်ပြပါသည်။ ကျွန်တော့် ဖုန်းမှာ SKY Vega-X ပါ.။
ဒီနည်းအတိုင်း အစဉ်ပြေသွားပါတယ်။ တခြား သူငယ်ချင်းဖုန်းတွေလဲ ဒီနည်းနဲ့  လုပ်ပေးခဲ့ ပါတယ်။

ဒီထည့်သွင်းမယ့် နည်းလမ်းတွေအတွက် အင်တာနက်ချိတ်ဆက်ပြီးဖုန်းတွေမှာ ကွန်ပျုတာ
တောင် မလိုအပ်ပဲ တိုက်ရိုက် ထည့်သွင်းနိုင်သလို အင်တာနက် ချိတ်ဆက်ထားခြင်းမရှိတဲ့
Phone တွေကတော့ လိုအပ်တဲ့ Software တွေကို Download ရယူပြီး SD Card ဒါမှမဟုတ်
ကွန်ပျုတာကနေ တဆင့် ထည့်သွင်းနိုင်မှာဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့အောက်ကလိုအပ်တဲ့ apps package တွေကို ဒီမှာ ဒေါင်းလိုက်ပါ ။

z4root 1.3, FontChangerLite_v1.8.5 ,
MyanDroid-Soft-Keyboard-Zawgyi-Beta , Zawgyi.ttf

ပြီးရင် စက်ကို Root လုပ်ပေးရပါမယ်။
Root လုပ်ဖို့အတွက် ဒေါင်းထားတဲ့ package ထဲက Z4root ကို install လုပ်ပါ။

install ပြီးရင်တော့ Software ကိုဖွင့်ပါ။
Permanent Root ဆိုတာကို ရွေးပါ။

(အဲဒီအဆင့်မှာ USB debugging ဆိုတာကို ON ထားဖို့အတွက် Application setting ကိုရောက်
သွားပါလိမ့်မယ်၊ Application setting မှတဆင့် Development ထဲမှာ USB debugging ကို On
ပေးလိုက်ပါ )

ဒါပီးရင်တော့ Z4root ကိုပြန်ဖွင့်ပီး Permanent Root ကို ပြန်ရွေးပါ။
ဒါဆိုရင်တော့ သူ့ ဘာသာ အလုပ်လုပ်ပြီး reboot လုပ်သွားပါလိမ့်မယ် ။

ပြန်တက်လာရင်တော့ ဒေါင်းထားတဲ့ package ထဲက FontChangerLite_v1.8.5 ကို သွင်းပါ ။
fontChanger ကိုသွင်းပြီးရင်တော့ SDCard ထဲမှာ ” .fontchanger ” ဟူသော folder တခုတွေ့ 
ပါလိမ့်မယ်။

ဒေါင်းထားတဲ့ package ထဲက Zawgyi.ttf ကို ” .fontchanger ” ထဲကိုသွားထည့်ပေးရပါမယ်။
fontchanger folder ကိုမြင်ရဖို့အတွက် AndExplorer လိုမျိုး file manager တခုတခုနဲ့ ဖွင့်ရပါမယ်
ထည့်ပြီးရင်တော့ FontChanger ကိုဖွင့်ပါ။ Zawgyi ဆိုတာတွေ့ ပါလိမ့်မယ် ၊
Zawgyi ကို ဖိထားလိုက်ပါ Set Zawgyi ဆိုပီး prompt တခုပေါ်လာပါမယ်
အဲမှာ Apply ကိုရွေးပေးရပါမယ်။Reboot now ထပ်ရွေးလိုက်ပါ။
ဒါဆိုရင်တော့ အားလုံးနီးပါး ပြီးပါပြီ။

စက်ပြန်တက်လာရင်တော့ ဒေါင်းထားတဲ့ package ထဲက MyanDroid-Soft-Keyboard-
Zawgyi-Beta ကို install လုပ်ပါ။
သွင်းပြီးရင် Setting ထဲက Language & keyborad ထဲမှာ MyDroid Soft Keyboard ကို
select ပေးလိုက်ပါ။
အခုဆိုရင် သုံးလို့ရနေပါပြီ၊ သုံးဖို့အတွက် Notepad ထဲဝင်ပြီး စမ်းသပ်နိုင်ပါတယ်။
notepad ကိုဖွင့်ပါ (menu => Add note ) နဲ့ note တခုခေါ်ပီး စာရိုက်တဲ့နေရာကို ဖိထားလိုက်ပါ။
Input Method ဆိုပီးပေါ်လာပါလိမ့်မယ်။ အဲဒီမှာ MyanDroid Soft Keyborad ကို ရွေးလိုက်ပါ။

Leave a Reply

Subscribe to Posts | Subscribe to Comments

- Copyright © ဘူကြီး - Hatsune Miku - Powered by Blogger - Designed by Johanes Djogan -